၁။ myCANAL ဆိုတာ ဘာလဲ။
myCANALဟာ CANAL+ MYANMAR FG ရဲ့ အခပေး တီဗီရုပ်သံလိုင်းများနဲ့ အခမဲ့ရုပ်သံလိုင်းများကို ကြည့်နိုင်တဲ့ အပလီကေးရှင်း ဖြစ်ပါတယ်။
၂။ CANAL+ မှာ ဘာတွေကြည့်လို့ရမှာလဲ။
အခပေးနဲ့ အခမဲ့ တီဗီရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ၊ သီချင်း၊ သတင်း၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို တိုက်ရိုက်ကြည့်နိုင်သလို ၈ ရက်အတွင်း အစီအစဥ်တွေကိုလည်း ပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။
၃။ CANAL+ ကို ဘယ်လိုမျိုး ကြည့်ရမှာလဲ။
CANAL+ ကို ကြည့်ရှုဖို့အတွက် နှစ်သက်ရာ CANAL+ အစီအစဥ်ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် ဝယ်ယူပြီး ရုပ်သံဇာတ်လမ်းတွဲအသစ်များနဲ့ တီဗီရုပ်သံလိုင်းကောင်းများကို တစ်ဝကြီးခံစား ကြည့်ရှုနိုင်ပါပြီ။
၄။ myCANAL App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက် WiFi ကို ချိတ်ဆက်ပြီးတော့ myCANAL App ကိုဖွင့်၊ Log in နေရာမှာ “Myanmar Net Customers” ကို ရွေးချယ်ခြင်းဖြင့် ဝင်ရောက်နိုင်ပါတယ်။
၅။ CANAL+ ကို စမ်းသပ်ကြည့်ရှုနိုင်ပါသလား။
မရနိုင်ပါ။
၆။ CANAL+ က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
myCANAL App ရှိ Series သို့မဟုတ် Movies နေရာရှိ ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲ၍ ၇ ရက် သက်တမ်းအတွင်း ကြည့်ရှုနိုင်ပါသည်။
၇။ CANAL+ ကို Device ဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
myCANAL ကို Prepaid သာမက Postpaid တွင်ပါ မတူညီသော Device နှစ်လုံးတွင် တစ်ပြိုင်နက်ချိတ်ဆက်ကြည့်နိုင်ပါသည်။