မြန်မာနက်အကြောင်း

မြန်မာနက်သည် FRONTIIR Co., Ltd. ၏ လုပ်ငန်းအမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။

FRONTIIR သည် အင်တာနက်နှင့် နည်းပညာဆိုင်ရာ နိင်ငံတကာကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဖွား ကမ္ဘာ့အဆင့် နည်းပညာရှင် ဦးဝေလင်းထွန်းနှင့် ကျွမ်းကျင်ပညာရှင်များမှ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ လူတိုင်းတတ်နိုင်သည့် ချိုသာသော ဈေးနှုန်းဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင်ရန် ရည်မှန်းချက်ဖြင့် တည်ထောင်ခဲ့သော Frontiir ကုမ္ပဏီတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော်လည်း အဓိကရှယ်ယာအများစုကို ဦးဝေလင်းထွန်းနှင့် တည်ထောင်သူများမှ ဆက်လက်ပိုင်ဆိုင်ထားပါသည်။

ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အ.ထ.က (၁) ဒဂုံမှ အထက်တန်းကျောင်း အောင်မြင်ခဲ့သော ဦးဝေလင်းထွန်းသည် အမေရိကန်နိုင်ငံ Berkeley ရှိ California တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံ (EECS) ဆိုင်ရာ B.S ဘွဲ့၊ Massachusetts Institute of Technology တက္ကသိုလ်မှ S.M. နှင့် Ph.d. ဘွဲ့ များကို ရရှိထားပါသည်။ ဦးဝေလင်းထွန်းသည် ကြိုးမဲ့ကွန်ယက်နှင့် Computing ဆိုင်ရာ စာတမ်းပေါင်း ၁၀ ကျော်ကို ပြုစုထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် နိုင်ငံတကာဆိုင်ရာ မူပိုင်ခွင့်အချို့ ကိုလည်း ရရှိပိုင်ဆိုင်ထားပါသည်။ Frontiir ကုမ္ပဏီသည် ဦးဝေလင်းထွန်း၏ ဦးဆောင်မှုအောက်တွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို စဥ်ဆက်မပြတ် ဖော်ထုတ်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် မြန်မာနက်အမှတ်တံဆိပ်ဖြင့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သတင်းအချက်အလက်များ မှန်ကန်စွာ စီးဆင်းနိုင်ရန်၊ မြင်ရတွေ့ရသည့် အခြေအနေများကို ဗဟုသုတအဖြစ် ဝေမျှခြင်းများပြုလုပ်နိုင်ရန်နှင့် ၃.၅ မီလီယံကျော် မြန်မာနက်အသုံးပြုသူ ပြည်သူများ ဆက်သွယ်ချိတ်ဆက်နိုင်ရန် မရှိမဖြစ်လိုအပ်သော နေ့စဥ်ဝန်ဆောင်မှုများကို အရည်အသွေးကောင်းမွန်စွာ ပံ့ပိုးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Frontiir ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားဝန်ထမ်း  ၉၉ ရာခိုင်နှုန်းကျော်မှ အလေးထားဆောင်ရွက်လျက် ရှိပါသည်။ 

Frontiir အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။