ချေးငွေလျှောက်ထားရန်

၁။ ချေးငွေလျှောက်ထားသူသည် မြန်မာနက်အင်တာနက်သုံးစွဲသူဖြစ်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများအနေဖြင့် ချေးငွေ ၁၀သိန်းကျပ် (သို့) ၂၅သိန်းကျပ် ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။ 

၂။ လျှောက်ထားသူအနေဖြင့် လက်ခံရမည့်ငွေပမာဏ၊ ချေးငွေပြန်ဆပ်ရမည့်ကာလ၊ လစဉ်အတိုးနှုန်းနှင့် လစဉ်ပြန်ဆပ်ရမည့်အသေးစိတ်အချက်အလက်တို့ကို မြန်မာနက်အပလီကေးရှင်းတွင်စစ်ဆေးနိုင်သည်။ ချေးငွေမလျှောက်ထားမီ “စည်းကမ်းချက်များ”အား မြန်မာနက်အပလီကေးရှင်းတွင် သေချာစွာဖတ်ရန်လိုအပ်ပါသည်။

၃။ မြန်မာနက်အပလီကေးရှင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း တို့ကိုပူးတွဲပြီးလျှောက်ထားရမည်။  လိုအပ်ပါက မြန်မာနက်မှ လိုအပ်သောစာရွက်စာတမ်းများကို ထပ်မံတောင်းခံပါမည်။

၄။ ချေးငွေအတည်ပြုပြီးနောက် လျှောက်ထားသူအနေဖြင့် အတည်ပြုကြောင်း အကြောင်းကြားစာကို လက်ခံရရှိပါမည်။