၁။ ချေးငွေလျှောက်ထားသူသည် မြန်မာနက်သုံးစွဲသူတွေသာမက ပုံမှန်ဝင်ငွေရှိတဲ့ မည်သူမဆို ချေးငွေလျှောက်ထားနိုင်ပြီး၊ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသောသူများအနေဖြင့် ချေးငွေ ၂သိန်းကျပ် (သို့) ၃သိန်းကျပ် (သို့) ၄သိန်းကျပ် (သို့) ၆သိန်းကျပ် (သို့) ၈သိန်းကျပ်ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူအနေဖြင့် လက်ခံရမည့်ငွေပမာဏ၊ ချေးငွေပြန်ဆပ်ရမည့်ကာလ၊ လစဉ်အတိုးနှုန်းနှင့် လစဉ်ပြန်ဆပ်ရမည့်အသေးစိတ်အချက်အလက်တို့ကို မြန်မာနက်အပလီကေးရှင်းတွင်စစ်ဆေးနိုင်သည်။ ချေးငွေမလျှောက်ထားမီ “စည်းကမ်းချက်များ”အား မြန်မာနက်အပလီကေးရှင်းတွင် သေချာစွာဖတ်ရန်လိုအပ်ပါသည်။
၃။ မြန်မာနက်အပလီကေးရှင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း တို့ကိုပူးတွဲပြီးလျှောက်ထားရမည်။ လိုအပ်ပါက မြန်မာနက်မှ လိုအပ်သောစာရွက်စာတမ်းများကို ထပ်မံတောင်းခံပါမည်။
၄။ ချေးငွေအတည်ပြုပြီးနောက် လျှောက်ထားသူအနေဖြင့် အတည်ပြုကြောင်း အကြောင်းကြားစာကို လက်ခံရရှိပါမည်။
* မြန်မာနက် App မှ ချေးငွေလျှောက်ထားရန် အခက်အခဲရှိသူများ မြန်မာနက်စတိုးသို့ စာရွက်စာတမ်းအပြည့်အစုံယူလာပါက စတိုးဝန်ထမ်းများမှ ကူညီလျှောက်ထားပေးပါသည်။