မေးစရာ မေးခွန်းများ (မြန်မာနက် App 3.3.7)


၁။ ကြိုတင်ငွေဖြည့်သုံး ဖုန်းအင်တာနက်

၁။ ကြိုတင်ငွေဖြည့်သုံး ဖုန်းအင်တာနက်ဆိုတာ ဘာပါလဲ။

ဝယ်ယူပြီးနောက် တစ်ခါတည်း အင်တာနက် အသုံးပြုနိုင်သော မြန်မာနက်အကောင့်ကတ်များ၊မြန်မာနက်အကောင့်ငွေဖြည့်ပြီး ဝယ်ယူအသုံးပြုနိုင်တဲ့ အဝသုံး Pack နဲ့ ဒေတာ Pack များ အစီအစဥ်များ ဖြစ်ပါတယ်။ 

၂။ မြန်မာနက်ဝန်ဆောင်မှုဌာနကို ဘယ်လိုဆက်သွယ်ရမှာလဲ။

မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉- ၇၆၅၃၃ ၈၄၄၀ ၊ ၀၉- ၇၆၅၃၃ ၈၄၄၁ (မနက် ၉ နာရီမှ – ည ၇:၃၀ နာရီထိ)၊ မြန်မာနက်ဖေ့ဘုတ် မက်ဆင်ဂျာနဲ့  cs@myanmarnet.com ကို ဆက်သွယ်နိုင်ပါတယ်။

၁ (က)။ အဝသုံးနှင့် ဒေတာသုံး Pack များ 

၁။ အဝသုံး Pack ဆိုတာ ဘာပါလဲ။

သတ်မှတ်ရက်ကာလအတွင်း ဒေတာအကန့်အသတ်မရှိ အင်တာနက်အဝသုံးနိုင်တဲ့ အစီအစဥ် ဖြစ်ပါတယ်။

၂။ ဒေတာ Pack ဆိုတာ ဘာပါလဲ။

မြန်နှုန်း 10 Mbps နဲ့ သတ်မှတ်ဒေတာပမာဏကို ရက် ၃၀ သက်တမ်းအတွင်း အသုံးပြုနိုင်တဲ့ အင်တာနက် အစီအစဥ် ဖြစ်ပါတယ်။

၃။ အဝသုံးနဲ့ ဒေတာသုံး Pack တွေက မြန်နှုန်း ဘယ်လောက်ရှိပါသလဲ။

ဒေတာအစီအစဥ်များအတွက် ပုံသေမြန်နှုန်း 10 Mbps ဖြစ်ပြီး အဝသုံးအစီအစဥ်များအတွက် ပုံမှန်မြန်နှုန်း 1.2 Mbps မှ 12 Mbps အထိ ဖြစ်ပါသည်။

၄။ Pack တစ်ခု ဝယ်ထားပြီးရင် နောက်ထပ် အင်တာနက် Pack တွေကို ဝယ်နိုင်ပါသလား။

အဝသုံး Pack ကို အများဆုံး ၃ ခု အထိ ဝယ်နိုင်ပြီး ဒေတာ Pack ကိုတော့ အများဆုံး ၄ ခု အထိ ဝယ်နိုင်ပါတယ်။

၅။ Pack တွေကို ပေါင်းစည်းဝယ်ရင် ဘယ်လိုမျိုးဖြစ်မှာပါလဲ။

အဝသုံး Pack အတွက် မြန်နှုန်းတွေကို ပေါင်းစည်းရရှိမှာဖြစ်ပြီး ဒေတာ Pack အတွက် ဒေတာပမာဏကို ပေါင်းစည်းရရှိမှာ ဖြစ်ပါတယ်။ အဝသုံးနဲ့ ဒေတာ Pack ကို ပေါင်းပြီးဝယ်ရင်တော့ ဒေတာ Pack ကို အရင်ဆုံးသုံးမှာဖြစ်ပြီး ဒေတာပမာဏ ကုန်သွားတဲ့အခါမှာ သတ်မှတ်ရက် မကုန်သေးရင် အဝသုံး Pack ကို ဆက်ပြီးသုံးသွားမှာ ဖြစ်ပါတယ်။

၆။ အဝသုံး (သို့) ဒေတာ Pack တွေကို ဘယ်လိုဝယ်ရမှာလဲ။

နီးစပ်ရာ မြန်မာနက်စတိုးနဲ့ လက်လီအရောင်းဆိုင်တွေမှာ Pack Transfer (သို့) ခဲခြစ်ကတ်များအဖြစ် အလွယ်တကူ ဝယ်ယူနိုင်သလို အကောင့်ငွေဖြည့်ပြီး မြန်မာနက် အပလီကေးရှင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။

၁ (ခ)။ ကြိုတင်ငွေဖြည့်သုံး CPE နှင့် Mini 

၁။ ကြိုတင်ငွေဖြည့်သုံး CPE နဲ့ Mini ဆိုတာ ဘာပါပဲ။

Prepaid CPE (Customer Premise Equipment) နှင့် Mini ဆိုတာ နေအိမ်တွင်း နေရာအနှံ့နဲ့ မြန်မာနက်ကွန်ရက်နေရာတွေမှာ လိုင်းကောင်းမွန်စွာ ချိတ်ဆက်သုံးစွဲနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး မြန်မာနက်ငွေဖြည့်ကတ်စနစ် အသုံးပြုသူများအတွက် ငှားရမ်းပေးပါတယ်။

၂။ CPE ကို ဘာကြောင့်သုံးသင့်ပါသလဲ။

CPE မတပ်ဘဲလည်း မြန်မာနက်အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။ CPE ကို အသုံးပြုရင်တော့ နေအိမ်တွင်း နေရာအနှံ့မှာ ပိုပြီးတော့ လိုင်းကောင်းမွန်စွာနဲ့ ချိတ်ဆက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ 

၃။ CPE ငှားရမ်းခငွေကို ဘယ်လိုပေးချေရမှာပါလဲ။

အကောင့်ငွေကြိုတင်ဖြည့်ထားတဲ့ မြန်မာနက်အကောင့်ထဲကနေ CPE ငှားရမ်းခငွေကို အလိုအလျောက် ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၄။ CPE ငှားရမ်းခအတွက် အကောင့်ငွေဖြည့်မထားရင် ဘယ်လိုဖြစ်မှာပါလဲ။

အကောင့်ငွေဖြည့်သွင်းထားခြင်းမရှိပါက CPE ငှားရမ်းခကို ပေးချေနိုင်ရန်အတွက် တစ်လ စောင့်ပေးသွားမှာဖြစ်ပြီး တစ်လထက်ကျော်လွန်သွားရင်တော့ CPE မှ အင်တာနက်ထုတ်လွှင့်မှု ရပ်တန့်သွားမှာဖြစ်ပါတယ်။

၅။ ကြိုတင်ငွေဖြည့်သုံး CPE နဲ့ Mini အစီအစဥ်များကို ရယူခြင်း / ပယ်ဖျက်ခြင်း

မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ ၇၆၅၃၃ ၈၄၄၀/၈၄၄၁ (မနက် ၉ နာရီမှ – ည ၇:၃၀ နာရီထိ) နဲ့ cs@myanmarnet.com ကို ဆက်သွယ်လုပ်ဆောင်နိုင်ပါတယ်။

၁ (ဂ)။ မြန်မာနက် အကောင့်ကတ်နှင့် ငွေဖြည့်ကတ်များ

၁။ မြန်မာနက်အကောင့်ကတ် ဆိုတာဘာပါလဲ။

အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မြန်မာနက်အကောင့်နံပါတ် (ဂဏန်း ၉ လုံး) နဲ့ လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး) ပါဝင်တဲ့ ခဲခြစ်ကတ်တွေဖြစ်ပြီး အကောင့်တွင်း ငွေဖြည့်၍ ဆက်လက်အသုံးပြုနိုင်ပါတယ်။

၂။ အကောင့်ကတ်တစ်ခုကို device ဘယ်နှစ်လုံးအသုံးပြုလို့ ရနိုင်ပါသလဲ။

အကောင့်ကတ်တစ်ခုကို device တစ်ခုသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

၃။ မြန်မာနက် အကောင့်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ဘယ်မှာဝယ်လို့ရပါသလဲ။

မြန်မာနက်စတိုးများနဲ့ လက်လီအရောင်းကိုယ်စားလှယ်ဆိုင်များမှာ ဝယ်ယူနိုင်ပြီး နီးစပ်ရာ Convenience စတိုးတွေမှာ ဝယ်ယူနိုင်ပါတယ်။

၄။ အကောင့်တွင်း အသုံးပြုမှုတွေကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။

“Myanmar Net” ဝိုင်ဖိုင်ကို ချိတ်ဆက်ပြီးနောက် မြန်မာနက် အပလီကေးရှင်း (သို့မဟုတ်) www.myanmarnet.com တွင် အင်တာနက်သုံးစွဲမှုများ၊ ငွေဖြည့်ကတ်အသုံးပြုမှုများအတွက် စစ်ဆေးနိုင်ပါတယ်။

၅။ ကုန်လျှင် Auto ဝယ်စနစ်ဆိုတာ ဘာပါလဲ။

အင်တာနက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် Pack သက်တမ်းကုန်သွားတိုင်း အလိုအလျောက် ဝယ်ယူပေးတဲ့ စနစ်ဖြစ်ပါတယ်။ 

၆။  Auto ဝယ်စနစ်ကို အသုံးမပြုချင်ရော ရပါသလား။

Pack များကို ဝယ်ယူသည့်အခါ အောက်နေရာတွင် “ကုန်လျှင် Auto ဝယ်” စနစ်ကို ပိတ်ထားနိုင်ပါတယ်။

၇။ MAC Address ကို ဘယ်လို ကြည့်ရမှာလဲ။

WiFi Address ဟုလည်း ခေါ်ဆိုကြသည့် MAC Address ကို “Setting>About Device” မှာ ကြည့်နိုင်ပါတယ်။ (နမူနာပုံစံ – 77:33:C2:09:55:3A)

၈။ အကောင့်လျို့ဝှက်နံပါတ်ကို မေ့သွားတာ အသစ်ပြန်ရနိုင်မလား။

ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။

၉။ မြန်မာနက်ငွေဖြည့်ကတ်မှာ ပါဝင်တဲ့လျို့ဝှက်နံပါတ်ကို သုံးလို့မရတာ ဘယ်လိုလုပ်ရမှာပါလဲ။

ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။

၂။ လစဉ်အဝသုံးအင်တာနက်

၁။ မြန်မာနက် လစဥ်အဝသုံးအင်တာနက် ဆိုတာ ဘာပါလဲ။

ဒေတာအကန့်အသတ်မရှိဘဲ လစဥ်လတိုင်း တစ်မိသားစုလုံး အင်တာနက် အဝသုံးနိုင်တဲ့ အစီအစဥ်ဖြစ်ပါတယ်။

၂။ လစဥ်အဝသုံးအင်တာနက် အစီအစဥ်တွေအတွက် လစဥ်ကြေးဘယ်လောက်ကနေ စပါသလဲ။

ကုန်ကျစရိတ်သက်သာပြီးတော့ လူတိုင်း အင်တာနက် အသုံးပြုနိုင်စေဖို့အတွက် လစဉ်အဝသုံး အင်တာနက်အစီအစဉ်တွေကို လစဥ်ကြေး ၈,၅၀၀ ကျပ် မှ စတင်ပြီး ဝန်ဆောင်မှုပေးထားပါတယ်။

၃။ လစဥ်ကြေး ၈,၅၀၀ ကျပ် အစီအစဥ်က လိုင်းရော ကောင်းပါ့မလား။

၈.၅၀၀ ကျပ် အစီအစဥ်အပါအဝင် မြန်မာနက်အင်တာနက် အစီအစဥ်များအားလုံးအတွက် Bandwidth အပြည့်အဝ ရရှိပြီး လိုင်းကောင်းကောင်းနဲ့ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် CPE တပ်ဆင်ပေးပါတယ်။

၄။ CPE ဆိုတာ ဘာပါလဲ။ 

Postpaid CPE (Customer Premise Equipment) ဆိုတာ မြန်မာနက် လစဥ်အဝသုံးအင်တာနက် မှာယူထားသူတွေအတွက် နေအိမ်နေရာအနှံ့မှာ အင်တာနက်အသုံးပြုနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းဖြစ်ပြီး ဖုန်း၊ Laptop အစရှိတဲ့ စက်ပေါင်း ၂၀၀ အထိ ချိတ်ဆက်နိုင်ပါတယ်။

၅။ အစီအစဥ်မှာယူသူတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ရရှိပါသလဲ။ 

အိမ်ပြင်သုံးအကောင့်ကတ်များ ထုတ်ပေးခြင်း၊ အိမ်အရောက် လစဥ်ကြေးကောက်ခံပေးခြင်းတွေနဲ့ မြန်မာကက် ဇာတ်လမ်းရုပ်ရှင်နဲ့ ရုပ်သံဖျော််ဖြေရေးအစီအစဥ်များကြည့်ရှုခွင့်တွေကို ဝန်ဆောင်မှုပေးထားပါတယ်။

၆။ အိမ်ပြင်သုံးအကောင့်ကတ် ဆိုတာဘာပါလဲ။

နေအိမ်တွင်းသာမက မြန်မာနက်ကွန်ရက်နေရာတိုင်းမှာ အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် လစဥ်သုံးအစီအစဥ်မှာယူထားသူတွေကို ထုတ်ပေးထားတဲ့ ကတ်ဖြစ်ပါတယ်။ 

၇။ လစဉ်ကြေးကို ဘယ်လိုပေးဆောင်ရမှာလဲ။

အသုံးပြုသူများအတွက် အိမ်အရောက်လစဥ်ကြေး ကောက်ခံချိန်တွင် ပေးသွင်းခြင်း၊ နီးစပ်ရာ မြန်မာနက်စတိုးနှင့် ကိုယ်စားလှယ်ဆိုင်များ၊ AYA၊ CB နှင့် KBZ ဘဏ်ခွဲများတွင် ပေးသွင်းခြင်းများအပြင် ၎င်းဘဏ်များ၏ မိုဘိုင်း Banking အပလီကေးရှင်းများဖြင့်လည်း ပေးသွင်းနိုင်ပါတယ်။ 

၈။ လစဉ် အဝသုံးအင်တာနက် အစီအစဉ်တွေကို မှာယူချင်ရင် ဘယ်လိုလုပ်ရမလဲ။

ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။

၃။ TVie

၁။ TVie ဆိုတာ ဘာလဲ

Myanmar Net မှ တီထွင်ထားသည့် TVie မှာ အင်တာနက်ထုတ်လွှင့်ပေးနိုင်ရုံသာမက Canal+ နှင့် Myanmar Cast ရှိ LIVE ရုပ်သံလိုင်းများ နှင့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများကြည့်နိုင်သည့်အပြင် Microphone တပ်ဆင်ကာ သီချင်းများစွာကိုလည်း သီဆိုနိုင်းသည့် set-top box တစ်မျိုးဖြစ်ပါသည်။

၂။ပင်မစာမျက်နှာတွင် Icons များမပေါ်ခြင်း

TVie မှာ အင်တာနက် ချိတ်ဆက်မူမရှိသေးခြင်းကြောင့် ဖြစ်ပါသည်။ အင်တာနက် ချိတ်ဆက်မူအတွက် အများဆုံး ၃ မိနစ်ထိ ကြာမြင့်နိုင်ပါသည်။ အင်တာနက်ချိတ်ဆက်မူ အခြေအနေအတွက် ရီမုတ်မှ Home ခလုတ်ကို နှိပ်ပါ။

၃။ External Hard Drive အသုံးပြုခြင်း

External Hard Drive ကို အသုံးပြုရန်အတွက် TVie တွင် ပါဝါမဖွင့်မီ တပ်ဆင်ပါ။ ပါဝါဖွင့်ပြီးချိန်တွင် တပ်ဆင်ပါက TVie မှာ Restart ကျသွားပြီးမှ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၄။ USB ပေါက်များ အသုံးပြုခြင်း

TVie တွင် 0.7A အထိ အသုံးပြုနိုင်သော USB ပေါက် ၂ခု ပါဝင်ပါသည်။ ၎င်း 0.7.Aထက် ကျော်လွန်အသုံးပြုပါက USB ပေါက် အသုံးမပြုနိုင်တော့ခြင်း (သို့မဟုတ်) TVie ဆားကစ်ဘုတ်ထိခိုက်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အကယ်ဤ USBပေါက် အသုံးမပြုနိုင်မူ ဖြစ်ပေါ်ပါက TVie ကို Restart ချပြီး ပြန်ဖွင့်ပေးရပါမည်။

၅။ HDMI ကြိုးဖြုတ်ပြီးနောက် အသံထွက် ပိုမိုကျယ်လောင်သွားခြင်း

HDMI ကြိုးဖြုတ်လိုက်ပါက အသံထွက်ပိုမို ကျယ်လောင်မှုမှာ ပုံမှန်ဖြစ်ပြီး TVie အသံထွက်စနစ်မှာ HDMI ကြိုးအတွက် မျှဝေခွဲပေးထားခြင်းကြောင့် ဖြစ်သည်။

၆။ TVie မှ အသံထွက်ရာတွင် စီ……ဟု မြည့်နေခြင်း

TVie စက်တွင် ပါဝင်သည့် စပီကာနှင့် မိုက်ခရိုဖုန်း ၂ ခုလုံးကို ဖွင့်ထားခြင်းကြောင့် ဖြစ်ပါသည်။ TVie စပီကာကို ဖွင့်ထားချိန်တွင် မိုက်ခရိုဖုန်းအသုံးပြုလိုပါက USB ကြိုးတပ်မိုက်ခရိုဖုန်းကို အသုံးပြုပါရန် လိုအပ်ပါသည်။ (ဤကိစ္စရပ်အတွက် TVie ကို ပိတ်ပြီး ပြန်ဖွင့်ပါရန်။)

၇။ TVie ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ရာတွင် မိုက်ခရိုဖုန်းနှင့် စပီကာများ ပြန်ပွင့်နေခြင်း

TVie ကို ပါဝါပိတ်ပြီး ပြန်ဖွင့်သည့်အခါတွင် မိုက်ခရိုဖုန်းနှင့် စပီကာများမှာ စက်ရုံထုတ်အခြေအနေအတိုင်း ပြန်ပွင့်နေပါမည်။ TVie Setting တွင် ထားလိုသည့်အခြေအနေကို ချိန်ညှိနိုင်ပါသည်။

၈။ USB ကြိုးတပ်မိုက်ခရိုဖုန်းကို အသုံးပြုခြင်း

USB ကြိုးတပ်မိုက်ခရိုဖုန်းကို မတပ်မီတွင် TVie Setting ၌ MC Function ကို ဖွင့်လှစ်ပေးရပါမည်။ စတင်အသုံးပြုမူအတွက် စက္ကန့် ၃၀ ခန့်ကြာမြင့်ပါမည်။

၉။ Sleep Mode မှ ထွက်ပြီး နောက် အင်တာနက် မရခြင်း

အသုံးပြုမူမရှိဘဲ ဖွင့်လှစ်ထားချိန်ကြာမြင့်ပါက TVie မှာ Sleep Mode ဖြစ်သွားပါမည်။ ကြာမြင့်ချိန် ၆နာရီထက် ကျော်လွန်ပါက Network Adapter ပိတ်သွားပါမည်။ ဤကိစ္စရပ်အတွက် Setting တွင် Restart (သို့မဟုတ်) TVie ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါရန်။

၁၀။ Youtube သို့ Login မဝင်နိုင်ခြင်း

Youtube သို့ Login မဝင်နိုင်ခြင်းမှာ Google Services များ မရရှိသေးသောကြောင့် ဖြစ်ပါသည်။

၄။ မြန်မာနက်စတိုးနေရာများ

ရန်ကုန်မြို့ရှိ မြန်မာနက်စတိုးများ
  1. အလုံ – အမှတ် (၂၃၁)၊ ငုဝါလမ်း
  2. ဗဟန်း  အမှတ် (၉၈)၊ ဦးချစ်မောင်လမ်း
  3. ဗိုလ်တစ်ထောင် – အမှတ် (၁၃၆)၊ အနော်ရထာလမ်း၊ ၄၈ လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား
  4. ဒဂုံဆိပ်ကမ်း – ရတနာနှင်းဆီအိမ်ရာ၊ ရတနာလမ်း
  5. ဒေါပုံ – Capital Hypermarket ပထမထပ်
  6. လှိုင် – အမှတ် (၃၉-ခ)၊ ၉ ရပ်ကွက်၊ အင်းစိန်လမ်းမကြီး
  7. လှိုင်သာယာ – လင်းလက်စတိုး၊ B-88 ဂန္ဓမာ ၃ လမ်း၊ FMI City
  8. အင်းစိန် – အမှတ် (၁၅၉၆)၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းကြီး 
  9. ကမာရွတ် – အမှတ် (၄၁)၊ ရွှေသရဖီရိပ်မွန်၊ ဘုရင့်နောင်လမ်းမကြီး
  10. ကမာရွတ် – No(2A) Rm- B 301 Times Mall ၃ လွှာ 
  11. ကျောက်တံတား – အမှတ် (၁၂၃-၁၃၃)၊ မြေညီထပ်၊ ပန်းဆိုးတန်းတာဝါ၊ ပန်းဆိုးတန်းလမ်းနှင့် အနော်ရထာလမ်းထောင့်
  12. ကြည့်မြင်တိုင် – အမှတ် (၇၂)၊ ဗိုလ်သူရလမ်း၊ ဗိုလ်သူရလမ်းနှင့် အုန်းပင်လမ်းထောင့်
  13. လမ်းမတော် – အမှတ် (၈၅)၊ ဝါးတန်းလမ်း(အလယ်ဘလောက်)
  14. လသာ – အမှတ် (၁၂၀)၊ စဥ့်အိုးတန်းလမ်း
  15. မရမ်းကုန်း – အမှတ် (၄၇)၊ ၇ မိုင်ခွဲ၊ ပြည်လမ်း
  16. မရမ်းကုန်း – အမှတ် (၈၀)၊ ၂ ရပ်ကွက်၊ အလယ်ဗဟိုလမ်း
  17. မင်္ဂလာတောင်ညွန့် – အမှတ် (၅၀၄)၊ သိမ်ဖြူလမ်း (စာတိုက်မှတ်တိုင်အနီး)
  18. မြောက်ဒဂုံ – အမှတ် (၁၂၆၀-က)၊ ပင်လုံလမ်း၊ မြောက်ဒဂုံမြို့နယ်
  19. မြောက်ဥက္ကလာ – အမှတ် (၃၁၁-က)၊ သုဓမ္မာလမ်း၊ သန္တာကားမှတ်တိုင်အနီး
  20. ပန်းဘဲတန်း – အမှတ် (၁၄၈)၊ ရွှေဘုံသာလမ်း(အောက်ဘလောက်)
  21. ပန်းဘဲတန်း – Junction City ၅ လွှာ 
  22. စမ်းချောင်း – အမှတ် (၁၃၉) ဗားဂရာလမ်း၊ ရှမ်းလမ်းမှတ်တိုင်အနီး
  23. တောင်ဥက္ကလာ – အမှတ် (၅၉၀)၊ မြေညီထပ်၊ သုမင်္ဂလာလမ်း ၊ တကောင်းလမ်းအနီး
  24. တာမွေ – အမှတ် (၁၈)၊ သမိန်ဗရမ်းလမ်း၊ ဌေးကြွယ်ရပ်ကွက် ၊ Orange Supermarket အနီး
  25. တာမွေ – အမှတ် (၄၃၂)၊ ဗညားဒလလမ်း ၊ သျှင်ပါကူဆေးရုံအနီး
  26. သာကေတ – အမှတ် (၃၈)၊ မင်းနန္ဒာလမ်း၊ သဒ္ဓါရုံမှတ်တိုင်အနီး
  27. သာကေတ – အမှတ် (၆၈)၊ ဧရာဝဏ်လမ်း
  28. သင်္ကန်းကျွန်း – အမှတ် (၆၄) မြေညီထပ် ၊ လေးထောင့်ကန်လမ်း၊ ဘဝမြင့်မှတ်တိုင်အနီး
  29. ရန်ကင်း – မြန်မာပလာဇာ၊ ဒုတိယထပ်၊ စက်လှေကားအနီး
  30. ရန်ကင်း – အမှတ် (၁) အခန်း (၃) မြေညီထပ်၊ မိုးကောင်းလမ်းနှင့် သစ္စာလမ်းထောင့်၊ ၁၃ ရပ်ကွက်
  31. တာမွေ – အမှတ် (၃၄၆)၊ ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့် (သီတာမှတ်တိုင်အနီး)
  32. အင်းစိန် – အမှတ် (၂၁၇)၊ လှိုင်မြစ်လမ်း (အင်းစိန်ထောင်အနီး)
မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်မြို့ရှိ မြန်မာနက်စတိုးများ
  1. အောင်မြေသာဇံ – ၆၂ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား
  2. အောင်မြေသာဇံ – အမှတ် (၆၃-ခ)၊ ၈၃ လမ်း၊ လမ်း ၂၀ နှင့် ၂၁ လမ်းကြား၊ ပုလဲငွေရာင်ရပ်ကွက်
  3. ချမ်းအေးသာဇံ – အမှတ် (ဃ-၁၇)၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား
  4. ချမ်းအေးသာဇံ – အမှတ်( ခ-၄)၊ မြေညီထပ်၊ ၃၃ လမ်း (၈၁ လမ်းနှင့် ၈၂ လမ်းကြား)
  5. ချမ်းမြသာစည် – အမှတ် (၁၆၀)၊ ၅၆ လမ်းနှင့် ဘုရင့်နောင်လမ်းထောင့်
  6. ချမ်းမြသာစည် – အမှတ် (ခ-၃/၉)၊ မြေညီထပ်၊ မနော်ဟရီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား
  7. ချမ်းမြသာစည် – မင်္ဂလာမန္တလေး The MOVE မြေညီထပ်၊ Ocean Supermarket အနီး
  8. မဟာအောင်မြေ – အမှတ်(၆၉၈)၊ ၄၁လမ်းနှင့် ၇၁လမ်းထောင့်၊ ဗောဓိကုန်းအရှေ့ရပ်၊ မဟာနွယ်စဉ်ရပ်ကွက်
  9. ပြည်ကြီးတံခွန် – အမှတ်(၇/၆၇)၊ ၆၂လမ်း၊ အေးသုခ (၁၃၀)လမ်း နှင့် ရတနာ(၁၃၁)လမ်းကြား၊ (ဆ)ရပ်ကွက်
  10. ပဲခူးမြို့ – အမှတ် (၃၃၆)၊ ဘုရားလမ်း၊ ရှင်စောပုရပ်ကွက်
  11. မော်လမြိုင်မြို့ – အမှတ် (၁၈၀)၊ အောက်လမ်းမကြီး၊ ရွှေတောင်ရပ်
  12. မော်လမြိုင်မြို့ – အမှတ် (၆၂)၊ ဗဟိုလမ်း၊ မရမ်းကုန်းရပ်ကွက်

၅။ မြန်မာကက်

၁။ မြန်မာကက် ဆိုတာ ဘာလဲ။

မြန်မာကက် ဆိုတာ ဖျော်ဖြေရေးဆိုင်ရာ ရုပ်သံအစီအစဉ်တွေကို ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ကြည့်ရှုနိုင်တဲ့ Streaming App တစ်ခု ဖြစ်ပါတယ်။

၂။ မြန်မာကက် မှာ ဘာတွေကြည့်လို့ရမှာလဲ ။

မြန်မာဗီဒီယိုများ၊ မြန်မာဇာတ်လမ်းတွဲအသစ်များ၊ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ LIVE TV အစီအစဉ်များ၊ ကြော်ငြာမပါ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ တေးဂီတ၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို ကြည့်နိုင်ပါတယ်

၃။ မြန်မာကက် App ကို ဘယ်လိုဝင်ရမှာလဲ။

မြန်မာကက် ရက် (၃၀) ခဲခြစ်ကတ်မှာပါတဲ့ Username ၊ Password တို့နဲ့ ဝင်နိုင်သလို မြန်မာနက်အကောင့်ကို အသုံးပြုပြီးတော့လည်း မြန်မာကက် App ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

၄။ ခဲခြစ်ကတ်တွေကို ဘယ်မှာ ဝယ်ရမှာလဲ။

မြန်မာကက် ခဲခြစ်ကတ်ကို နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များနဲ့ မြန်မာနက်စတိုးတွေမှာ ဝယ်နိုင်ပါတယ်။

၅။ ဝယ်ယူထားတဲ့ မြန်မာကက် အစီအစဉ်သက်တမ်း ကုန်ဆုံးမယ့်ရက်ကို ဘယ်လိုသိနိုင်မလဲ။

မြန်မာကက် အစီအစဉ်သက်တမ်းကို မြန်မာနက် App မှာ ကြည့်နိုင်ပါတယ်။

၆။ မြန်မာကက် ကို မြန်မာနက်အင်တာနက်နဲ့ပဲ ကြည့်နိုင်တာလား။

ကြိုက်တဲ့ အင်တာနက်လိုင်းသုံးပြီး မြန်မာကက်ကို ကြည့်နိုင်ပါတယ်။

၇။ မြန်မာနိုင်ငံတွင်းမှာပဲ မြန်မာကက်ကို ကြည့်နိုင်တာလား။

တစ်ကမ္ဘာလုံး ဘယ်နေရာမှာမဆို မြန်မာကက်ကို ကြည့်နိုင်ပါတယ်။

၈။ မြန်မာကက် App က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။

ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်နိုင်ပေမယ့် ဒေါင်းလုဒ် ဆွဲလို့ မရပါဘူး။

၉။ မြန်မာကက် App ကို ဘယ် ဖုန်းအမျိုးအစားတွေမှာ ကြည့်လို့ရလဲ။

မြန်မာကက်ကို ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ချိတ်ဆက်ကြည့်နိုင်ပြီး နောက်ပိုင်းကျရင် PC ၊ TV ကနေလည်း ကြည့်နိုင်မှာပါ။ 

၁၀။ မြန်မာကက် ကို ဖုန်းဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။

မြန်မာကက်ကို အကောင့်တစ်ခုအတွက် ဖုန်းတစ်လုံး ချိတ်ဆက်ကြည့်နိုင်ပြီး တစ်ခြားဖုန်းမှာ ပြောင်းကြည့်မယ်ဆိုရင် အရင်ချိတ်ထားတဲ့ ဖုန်းကို ဖြုတ်ရပါမယ်။

၆။ My CANAL

၁။ MyCanal ဆိုတာ ဘာလဲ။

MyCanal ဟာ CANAL+ MYANMAR FG ရဲ့ အခပေး တီဗီရုပ်သံလိုင်းများနဲ့ အခမဲ့ရုပ်သံလိုင်းများကို ကြည့်နိုင်တဲ့ အပလီကေးရှင် ဖြစ်ပါတယ်။

၂။ MyCanal မှာ ဘာတွေကြည့်လို့ရမှာလဲ ။

အခပေးနဲ့ အခမဲ့ တီဗီရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ၊ သီချင်း၊ သီတင်း၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို တိုက်ရိုက်ကြည့်နိုင်သလို ထုတ်လွှင့်ပြီး ၂ ပတ်အတွင်း အစီအစဥ်တွေကိုလည်း ပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။ 

၃။ MyCanal ကို ဘယ်လိုမျိုး ကြည့်ရမှာလဲ။

MyCanal ကို ကြည့်ရှုဖို့အတွက် ၁၂,,၀၀၀ ကျပ် နဲ့ ၂၀,၀၀၀ ကျပ်တန် အဝသုံး ရက် ၃၀ Pack တွေကို ဝယ်ယူရမှာဖြစ်ပြီး ၂၀,၀၀၀ ကျပ်နဲ့ အထက် မြန်မာနက် လစဥ်အဝသုံးအစီအစဥ် အသုံးပြုသူတွေအတွက်တော့ လက်ဆောင်ကြည့်ရှုခွင့် ရရှိထားပါတယ်။ 

၄။ MyCanal App ကို ဘယ်လိုဝင်ရမှာလဲ။

မြန်မာနက် WiFi ကို ချိတ်ဆက်ပြီးတော့ MyCanal App ကိုဖွင့်၊ Log in နေရာမှာ “Myanmar Net Customers” ကို ရွေးချယ်ခြင်းဖြင့် ဝင်ရောက်နိုင်ပါတယ်။ 

၅။ MyCanal ကို စမ်းသပ်ကြည့်ရှုနိုင်ပါသလား။

မရနိုင်ပါ။

၆။ MyCanal က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။

MyCanal App ရှိ On Demand နေရာရှိ ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲ၍ ၇ ရက် သက်တမ်းအတွင်း ကြည့်ရှုနိုင်ပါသည်။ 

၁၀။ MyCanal ကို Device ဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။

MyCanal ကို Prepaid အတွက် Device တစ်လုံးသာ ချိတ်ဆက်ကြည့်နိုင်ပါသည်။ Postpaid အတွက် Device လေးလုံး အထိ ချိတ်ဆက်ကြည့်နိုင်ပါသည်။