uncategory


အမှိုက်ပုံး

၁။ ကြိုတင်ငွေဖြည့်သုံး CPE ဆိုတာ ဘာပါပဲ။
Prepaid CPE (Customer Premise Equipment) ဆိုတာ နေအိမ်တွင်း နေရာအနှံ့နဲ့ မြန်မာနက်ကွန်ရက်နေရာတွေမှာ လိုင်းကောင်းမွန်စွာ ချိတ်ဆက်သုံးစွဲနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး မြန်မာနက်ငွေဖြည့်ကတ်စနစ် အသုံးပြုသူများအတွက် ငှားရမ်းပေးပါတယ်။

၂။ CPE ကို ဘာကြောင့်သုံးသင့်ပါသလဲ။
CPE မတပ်ဘဲလည်း မြန်မာနက်အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။ CPE ကို အသုံးပြုရင်တော့ နေအိမ်တွင်း နေရာအနှံ့မှာ ပိုပြီးတော့ လိုင်းကောင်းမွန်စွာနဲ့ ချိတ်ဆက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

၃။ CPE ငှားရမ်းခငွေကို ဘယ်လိုပေးချေရမှာပါလဲ။
အကောင့်ငွေကြိုတင်ဖြည့်ထားတဲ့ မြန်မာနက်အကောင့်ထဲကနေ CPE ငှားရမ်းခငွေကို အလိုအလျောက် ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၄။ CPE ငှားရမ်းခအတွက် အကောင့်ငွေဖြည့်မထားရင် ဘယ်လိုဖြစ်မှာပါလဲ။
အကောင့်ငွေဖြည့်သွင်းထားခြင်းမရှိပါက CPE ငှားရမ်းခကို ပေးချေနိုင်ရန်အတွက် တစ်လ စောင့်ပေးသွားမှာဖြစ်ပြီး တစ်လထက်ကျော်လွန်သွားရင်တော့ CPE မှ အင်တာနက်ထုတ်လွှင့်မှု ရပ်တန့်သွားမှာဖြစ်ပါတယ်။

၅။ ကြိုတင်ငွေဖြည့်သုံး CPE အစီအစဥ်များကို ရယူခြင်း / ပယ်ဖျက်ခြင်း
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။

၁။ myCANAL ဆိုတာ ဘာလဲ။
myCANALဟာ CANAL+ MYANMAR FG ရဲ့ အခပေး တီဗီရုပ်သံလိုင်းများနဲ့ အခမဲ့ရုပ်သံလိုင်းများကို ကြည့်နိုင်တဲ့ အပလီကေးရှင်း ဖြစ်ပါတယ်။

၂။ CANAL+ မှာ ဘာတွေကြည့်လို့ရမှာလဲ။
အခပေးနဲ့ အခမဲ့ တီဗီရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများ၊ သီချင်း၊ သတင်း၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို တိုက်ရိုက်ကြည့်နိုင်သလို ၈ ရက်အတွင်း အစီအစဥ်တွေကိုလည်း ပြန်လည်ရှာဖွေကြည့်ရှုနိုင်ပါတယ်။

၃။ CANAL+ ကို ဘယ်လိုမျိုး ကြည့်ရမှာလဲ။
CANAL+ ကို ကြည့်ရှုဖို့အတွက် နှစ်သက်ရာ CANAL+  အစီအစဥ်ကို မြန်မာနက်အပလီကေးရှင်းမှတဆင့် ဝယ်ယူပြီး  ရုပ်သံဇာတ်လမ်းတွဲအသစ်များနဲ့ တီဗီရုပ်သံလိုင်းကောင်းများကို တစ်ဝကြီးခံစား ကြည့်ရှုနိုင်ပါပြီ။

၄။ myCANAL App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက် WiFi ကို ချိတ်ဆက်ပြီးတော့ myCANAL App ကိုဖွင့်၊ Log in နေရာမှာ “Myanmar Net Customers” ကို ရွေးချယ်ခြင်းဖြင့် ဝင်ရောက်နိုင်ပါတယ်။

၅။ CANAL+ ကို စမ်းသပ်ကြည့်ရှုနိုင်ပါသလား။
မရနိုင်ပါ။

၆။ CANAL+ က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
myCANAL App ရှိ Series သို့မဟုတ် Movies နေရာရှိ ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲ၍ ၇ ရက် သက်တမ်းအတွင်း ကြည့်ရှုနိုင်ပါသည်။

၇။ CANAL+ ကို Device ဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
myCANAL ကို Prepaid သာမက Postpaid တွင်ပါ မတူညီသော Device နှစ်လုံးတွင် တစ်ပြိုင်နက်ချိတ်ဆက်ကြည့်နိုင်ပါသည်။

ဖေဖော်ဝါရီလ ၂၈ ရက် 

မြန်မာနက် မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း အသိပေးကြေညာလွှာ တနင်္ဂ‌နွေနေ့ – မြန်မာနက်, Frontiir ကုမ္ပဏီ

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့တွင် ဆုံးပါးသွားသည့် ကိုညီညီအောင်ထက်နိုင်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာနက်မှ အသိပေးအပ်ပါသည်။

၂၀၁၈ ခုနှစ်ကတည်းက FRONTIIR ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော ကိုညီညီအောင်ထက်နိုင်သည် မြန်မာနက် Fiber Operation Team တွင် Network Engineer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Network ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ရန် ရည်မှန်းထားသူ ကိုညီညီအောင်ထက်နိုင်သည် အလုပ်ကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှ အားကိုးချစ်ခင်ကြသူလည်း ဖြစ်ပါသည်။

အလုပ်နားရက်ဖြစ်သည့်အတွက် ကိုညီညီအောင်ထက်နိုင်သည် ယနေ့ ပြုလုပ်သော လူထုဆန္ဒပြပွဲ (လှည်းတန်း) တွင် မိသားစုနှင့်အတူ ငြိမ်းချမ်းစွာပါဝင်ခဲ့ပြီး သေနတ်ပစ်ခံရမှုကြောင့် ဆုံးပါးသွားခြင်းဖြစ်ပါသည်။

ကိုညီညီအောင်ထက်နိုင် ဆုံးပါးသွားမှုအတွက် အထူးပင် ဝမ်းနည်းကြေကွဲရပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မတ်လ ၁ ရက် တနင်္လာနေ့တွင် မြန်မာနက်စတိုးများ ပိတ်ထားမည်ဖြစ်ပြီး၊ Frontiir ကုမ္ပဏီရုံးချုပ်နှင့် မြန်မာနက်စတိုးများ ၏ မီးဆိုင်းဘုတ်များအားလုံးကို လည်း ပိတ်ထားမည်ဖြစ်ပါသည်

၁။ VIP SSID နှင့်ချိတ်ဆက်ပြီး  မြန်မာနက် App ကို ဒေါင်းလုတ်ဆွဲပါ။

၂။ “ဖုန်းနံပါတ်နှင့် ဝင်ရန်” ကိုရွေးပြီး ဖုန်းနံပါတ်ဖြင့်ဖွင့်ထားသော အိမ်ပြင်သုံး owner အကောင့်နံပါတ်ကိုထည့်ပါ။

၃။ ထိုဖုန်းနံပါတ်သို့ပေးပို့လာသော verification code ၄ လုံးကိုထည့်ပါ။

၄။ မြန်မာနက်အပလီကေးရှင်း၏ ပက်ကေ့ချ် (package) မှ နှစ်သက်ရာ CANAL+ pack ကိုဝယ်ပါ။

၅။ ထို့နောက် “CANAL+ App” ကို ဒေါင်းလုတ်ဆွဲပြီး “Myanmar Net Customer” ကိုနှိပ်၍ ကြည့်ရှုနိုင်ပါသည်။ (မြန်မာနက်ကို VIP SSID နှင့်ချိတ်ဆက်ထားရပါမည်။)

၆။ တစ်လချင်း ဝယ်ယူလိုပါက “Auto Renew” ကို ပိတ်ထားရပါမည်။

“မြန်မာနက်သုံးစွဲသူများအတွက် နှစ်သစ်ကူးမေတ္တာလက်ဆောင် myCANAL ၁ လ အခမဲ့ကြည့်ရှုခွင့် အထူးပရိုမိုးရှင်းအစီအစဉ်”

၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက် မှ ၂၀၂၂ မတ်လ ၁၅ ရက်အတွင်း မြန်မာနက်လစဥ်သုံးအစီအစဥ်သုံးစွဲသူများအားလုံးအတွက် မြန်မာနက်နဲ့ CANAL+ တို့၏နှစ်သစ်ကူးလက်ဆောင်အဖြစ် ရုပ်သံလိုင်း ၃၂ လိုင်းပါဝင်တဲ့ ၂,၅၀၀ ကျပ်တန် CANAL+ (အထူး) အစီအစဥ်ကို ၁ လ အခမဲ့ကြည့်ရှုခွင့် ရရှိမှာဖြစ်ပါသည်။

ပိုမိုသိရှိရန် →

ရှုံးထွက် ၁၆ သင်းအဆင့် – ပထမအကျော့

၁၄ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

မီလန် VS စပါး

ပီအက်စ်ဂျီ Vs ဘိုင်ယန်မြူးနစ်

၁၅ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

ကလပ်ဘရုဂျ် Vs ဘင်ဖီကာ

ဒေါ့မွန် Vs ချယ်လ်ဆီး

၂၁ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

လီဗာပူးလ် Vs ရီးယဲလ်မက်ဒရစ်

ဖရန့်ဖတ် Vs နာပိုလီ

၂၂ ဖေဖော်ဝါရီ ၂၀၂၃

မနက် ၀၂:၃၀

လိုက်ပ်ဇစ် Vs မန်စီးတီး

အင်တာမီလန် Vs ပေါ်တို

ရှုံးထွက် ၁၆ သင်းအဆင့် – ဒုတိယအကျော့

၇ မတ် ၂၀၂၃

မနက် ၀၂:၃၀

ဘင်ဖီကာ Vs ကလပ်ဘရုဂျ်

ချယ်လ်ဆီး Vs ဒေါ့မွန်

၈ မတ် ၂၀၂၃

မနက် ၀၂:၃၀

စပါး VS မီလန်

ဘိုင်ယန်မြူးနစ် Vs ပီအက်စ်ဂျီ

၁၄ မတ် ၂၀၂၃

မနက် ၀၂:၃၀

မန်စီးတီး Vs လိုက်ပ်ဇစ်

ပေါ်တို Vs အင်တာမီလန်

၁၅ မတ် ၂၀၂၃

မနက် ၀၂:၃၀

ရီးယဲလ်မက်ဒရစ် Vs လီဗာပူးလ်

နာပိုလီ Vs ဖရန့်ဖတ်

“မြန်မာနက်ချစ်သူများအတွက် CANAL+ ရဲ့ နှစ်သစ်လက်ဆောင်”

“၃ လ ကြည့် ၁ လ အခမဲ့”
(ပရိုမိုးရှင်းကာလ – ၂၀၂၂ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ)

မြန်မာနက်လစဉ်သုံးအစီအစဉ်သုံးစွဲသူများအတွက် CANAL+ မှ နှစ်သစ်လက်ဆောင်အနေဖြင့် ၁၁,၉၀၀ ကျပ် တန် CANAL+ pack ကို ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၃လ ဆက်တိုက်ကြည့်ရှုသူတိုင်း မတ် ၁ လအခမဲ့ ကြည့်ရှုခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

  • ၂၀၂၂-၂၃ ဥရောပချန်ပီယံလိဂ်၊ UFCနဲ့ အခြားလက်ဝှေ့ပွဲများအပါအဝင် CANAL+ ရုပ်သံလိုင်းပေါင်း ၅၂ လိုင်းကို TVie စက်ဖြင့် TV ပေါ်တွင်ကြည့်
  • မြန်မာနက်အပလီကေးရှင်းနှင့် ့်မြန်မာနက်စတိုးများတွင် ဝယ်ယူနိုင််

ဤအစီအစဉ်ကို မြန်မာနက်နှင့် CANAL+ တို့ ပူးပေါင်းတင်ဆက်ပေးထားခြင်းဖြစ်သည်။

ပိုမိုသိရှိရန် →