
TVie အင်တာနက် Set-top Box (မြန်မာနက်မှ အသစ်တီထွင်ထုတ်လုပ်မှု)
မြန်မာနက် TVie (အင်တာနက် Set-top Box) ဖြင့် အင်တာနက်အသုံးပြုနိုင်မည့်အပြင် တီဗီ (သို့မဟုတ်) မော်နီတာတွင် HDMI ကြိုးဖြင့် ချိတ်ဆက်၍ မြန်မာကက်၊ CANAL+ စသည့် ရုပ်သံဖျော်ဖြေမှုအစီအစဉ်များကိုလည်း ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် နဂိုပါဝင်သော Youtube နှင့် Facebook Watch App များအပြင် အခြားနှစ်သက်ရာ Android အပလီကေးရှင်းများကို Google Play Store တွင် ရှာဖွေသွင်းယူကြည့်ရှုနိုင်ပါသည်။ သီချင်းဆိုဝါသနာပါသူများအနေဖြင့်လည်း မိုက်ခရိုဖုန်းတပ်ပြီး ကာရာအိုကေလည်း သီဆိုနိုင်ပါသည်။
TV – တီဗီရုပ်သံအစီအစဥ်များကို TV နှင့် မော်နီတာများ၊ မိုဘိုင်းဖုန်းများဖြင့် ကြည့်
Internet – အင်တာနက်ကို ဒေတာအကန့်အသတ်မရှိ အဝသုံး
Entertainment – ဖျော်ဖြေရေးအစီအစဉ်များကြည့်၊ ကာရာအိုကေလည်း ဆို
TVie တပ်ဆင်ကြေး
- အခမဲ့ (ပရိုမိုးရှင်းကာလအတွင်း)
TVie လစဉ်ကြေး
- ၃၅,၀၀၀ ကျပ်တန် Canal+ နှင့် မြန်မာကက် အခမဲ့
Tvie နှင့် တွဲဖက်ဝယ်ယူနိုင်သည့် ပစ္စည်းများ
- မိုက်ကရိုဖုန်း – ၈,၀၀၀ ကျပ်
- မော်နီတာ (၂၁ လက်မ) – လစဉ် ၁၁,၀၀၀ ကျပ်ဖြင့် ၁၈ လ သွင်း (စပေါ်ငွေ ၁၀,၀၀၀ ကျပ်)
- Speaker – ၁၇,၀၀၀ ကျပ်
- UPS (၆လ အာမခံ) – လစဉ် ၉,၀၀၀ ကျပ်ဖြင့် ၁၈ လ သွင်း (စပေါ်ငွေ ၁၀,၀၀၀ ကျပ်)
TVie Bluetooth Remote Control

- Remote Control – ၂၇,၀၀၀ ကျပ်
အသုံးပြုပုံ လမ်းညွှန်
- TVie ကို Google အကောင့်ဖြင့် ချိတ်ဆက်ခြင်း
- TVie တွင် နှစ်သက်ရာ App များ ပေါင်းထည့်ခြင်းနှင့် ဖယ်ရှားခြင်း
မြန်မာကက်
မြန်မာကက်တွင် LIVE TV Channel ပြသမှုများအပြင် နိင်ငံတကာဇာတ်လမ်းတွဲများ၊ အသစ်သီးသန့် မြန်မာဇာတ်လမ်းတွဲများ၊ မြန်မာရုပ်ရှင်ဗီဒီယိုများ၊ MTV သီချင်းများ၊ နိုင်ငံတကာသတင်းများ နဲ့ စိတ်ဝင်စားစရာဖျော်ဖြေမှုအစီအစဉ်ပေါင်းများစွာကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပါသည်။
“ကြည့်ရှုခံစား မြန်မာကက် ရွှေကြယ်ပွင့်အစီအစဥ်များ”
အခမဲ့ကြည့်ရှုနိုင်သည့် LIVE TV အစီအစဥ်များ၊ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းနှင့် သတင်းစသည့် ရုပ်သံဖျော်ဖြေမှုအစီအစဥ်များအပြင် သတ်မှတ်ရွေးချယ်ထားသော ရုပ်ရှင်၊ ဗီဒီယိုများနှင့် ဇာတ်လမ်းတွဲကောင်းများစွာကို ကြည့်ရှုနိုင်မည့် မြန်မာကက်ရဲ့ အစီအစဥ်သစ် Star Pack များ ဝယ်ယူနိုင်ပါပြီ။
⭐⭐ မြန်မာကက် 2 Star အစီအစဥ်
မြန်မာကက်မှ သတ်မှတ်ရွေးချယ်ထားသော အထူးကောင်းမွန်သည့် ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွဲများနှင့် သီချင်း၊ သတင်းစသည့် ရုပ်သံဖျော်ဖြေမှုအစီအစဥ်များတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
- ၁ ရက် ၁၀၀ ကျပ်
- ၅ ရက် ၃၀၀ ကျပ်
- ၃၀ ရက် ၁,၀၀၀ ကျပ်
မြန်မာနက်အသုံးပြုသူများအနေဖြင့် TVie ကို မှာယူတပ်ဆင်ပြီး မြန်မာကက် Star Pack အစီအစဥ်များကို မိုဘိုင်းဖုန်းတွင်သာမက TV တွင်ပါ ကြည့်ရှုနိုင်ပါသည်။