၁။ မြန်မာနက် လစဥ်အဝသုံးအင်တာနက် ဆိုတာ ဘာပါလဲ။
ဒေတာအကန့်အသတ်မရှိဘဲ လစဥ်လတိုင်း တစ်မိသားစုလုံး အင်တာနက် အဝသုံးနိုင်တဲ့ အစီအစဥ်ဖြစ်ပါတယ်။
၂။ လစဥ်အဝသုံးအင်တာနက် အစီအစဥ်တွေအတွက် လစဥ်ကြေးဘယ်လောက်ကနေ စပါသလဲ။
ကုန်ကျစရိတ်သက်သာပြီးတော့ လူတိုင်း အင်တာနက် အသုံးပြုနိုင်စေဖို့အတွက် လစဉ်အဝသုံး အင်တာနက်အစီအစဉ်တွေကို လစဥ်ကြေး ၁၀,၅၀၀ ကျပ် မှ စတင်ပြီး ဝန်ဆောင်မှုပေးထားပါတယ်။
၃။ လစဥ်ကြေး ၁၀,၅၀၀ ကျပ် အစီအစဥ်က လိုင်းရော ကောင်းပါ့မလား။
၁၀.၅၀၀ ကျပ် အစီအစဥ်အပါအဝင် မြန်မာနက်အင်တာနက် အစီအစဥ်များအားလုံးအတွက် Bandwidth အပြည့်အဝ ရရှိပြီး လိုင်းကောင်းကောင်းနဲ့ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် CPE တပ်ဆင်ပေးပါတယ်။
၄။ CPE ဆိုတာ ဘာပါလဲ။
Postpaid CPE (Customer Premise Equipment) ဆိုတာ မြန်မာနက် လစဥ်အဝသုံးအင်တာနက် မှာယူထားသူတွေအတွက် နေအိမ်နေရာအနှံ့မှာ ချိတ်ဆက်မှုကောင်းမွန်စွာ အင်တာနက်အသုံးပြုနိုင်ဖို့ တပ်ဆင်ပေးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။
၅။ အစီအစဥ်မှာယူသူတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ရရှိပါသလဲ။
အိမ်ပြင်သုံးအကောင့်ကတ်များ ထုတ်ပေးခြင်း၊ အိမ်အရောက် လစဥ်ကြေးကောက်ခံပေးခြင်းတွေနဲ့ မြန်မာကက် ဇာတ်လမ်းရုပ်ရှင်နဲ့ ရုပ်သံဖျော်ဖြေရေးအစီအစဥ်များကြည့်ရှုခွင့်တွေကို ဝန်ဆောင်မှုပေးထားပါတယ်။
၆။ အိမ်ပြင်သုံးအကောင့်ကတ် ဆိုတာဘာပါလဲ။
နေအိမ်တွင်းသာမက မြန်မာနက်ကွန်ရက်နေရာတိုင်းမှာ အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် လစဥ်သုံးအစီအစဥ်မှာယူထားသူတွေကို ထုတ်ပေးထားတဲ့ ကတ်ဖြစ်ပါတယ်။
၇။ လစဉ်ကြေးကို ဘယ်လိုပေးဆောင်ရမှာလဲ။
အသုံးပြုသူများအတွက် အိမ်အရောက်လစဥ်ကြေး ကောက်ခံချိန်တွင် ပေးသွင်းခြင်း၊ နီးစပ်ရာ မြန်မာနက်စတိုးနှင့် ကိုယ်စားလှယ်ဆိုင်များတွင် ပေးသွင်းခြင်း၊ AYA၊ CB နှင့် KBZ ဘဏ်ခွဲများနှင့် ၎င်းဘဏ်များ၏ မိုဘိုင်း Banking အပလီကေးရှင်းများမှ ပေးသွင်းခြင်းများအပြင် Citizen Pay မှလည်း ပေးသွင်းနိုင်ပါတယ်။
၈။ လစဉ် အဝသုံးအင်တာနက် အစီအစဉ်တွေကို မှာယူချင်ရင် ဘယ်လိုလုပ်ရမလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။
အမေး အဖြေများ
၁။ ကြိုတင်ငွေဖြည့်သုံး ဖုန်းအင်တာနက်ဆိုတာ ဘာပါလဲ။
ဝယ်ယူပြီးနောက် တစ်ခါတည်း အင်တာနက် အသုံးပြုနိုင်သော မြန်မာနက်အကောင့်ကတ်များ၊
မြန်မာနက်အကောင့်ငွေဖြည့်ပြီး ဝယ်ယူအသုံးပြုနိုင်တဲ့ အဝသုံး Pack နဲ့ ဒေတာ Pack များ အစီအစဥ်များ ဖြစ်ပါတယ်။
၂။ မြန်မာနက်ဝန်ဆောင်မှုဌာနကို ဘယ်လိုဆက်သွယ်ရမှာလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။
၁။ အဝသုံး Pack ဆိုတာ ဘာပါလဲ။
သတ်မှတ်ရက်ကာလအတွင်း ဒေတာအကန့်အသတ်မရှိ အင်တာနက်အဝသုံးနိုင်တဲ့ အစီအစဥ် ဖြစ်ပါတယ်။
၂။ ဒေတာ Pack ဆိုတာ ဘာပါလဲ။
မြန်နှုန်း 10 Mbps နဲ့ သတ်မှတ်ဒေတာပမာဏကို ရက် ၃၀ သက်တမ်းအတွင်း အသုံးပြုနိုင်တဲ့ အင်တာနက် အစီအစဥ် ဖြစ်ပါတယ်။
၃။ အဝသုံးနဲ့ ဒေတာသုံး Pack တွေက မြန်နှုန်း ဘယ်လောက်ရှိပါသလဲ။
ဒေတာအစီအစဥ်များအတွက် ပုံသေမြန်နှုန်း 10 Mbps ဖြစ်ပြီး အဝသုံးအစီအစဥ်များအတွက် ပုံမှန်မြန်နှုန်း 1.2 Mbps မှ 12 Mbps အထိ ဖြစ်ပါသည်။
၄။ Pack တစ်ခု ဝယ်ထားပြီးရင် နောက်ထပ် အင်တာနက် Pack တွေကို ဝယ်နိုင်ပါသလား။
အဝသုံး Pack ကို အများဆုံး ၃ ခု အထိ ဝယ်နိုင်ပြီး ဒေတာ Pack ကိုတော့ အများဆုံး ၄ ခု အထိ ဝယ်နိုင်ပါတယ်။
၅။ Pack တွေကို ပေါင်းစည်းဝယ်ရင် ဘယ်လိုမျိုးဖြစ်မှာပါလဲ။
အဝသုံး Pack အတွက် မြန်နှုန်းတွေကို ပေါင်းစည်းရရှိမှာဖြစ်ပြီး ဒေတာ Pack အတွက် ဒေတာပမာဏကို ပေါင်းစည်းရရှိမှာ ဖြစ်ပါတယ်။ အဝသုံးနဲ့ ဒေတာ Pack ကို ပေါင်းပြီးဝယ်ရင်တော့ ဒေတာ Pack ကို အရင်ဆုံးသုံးမှာဖြစ်ပြီး ဒေတာပမာဏ ကုန်သွားတဲ့အခါမှာ သတ်မှတ်ရက် မကုန်သေးရင် အဝသုံး Pack ကို ဆက်ပြီးသုံးသွားမှာ ဖြစ်ပါတယ်။
၆။ အဝသုံး (သို့) ဒေတာ Pack တွေကို ဘယ်လိုဝယ်ရမှာလဲ။
နီးစပ်ရာ မြန်မာနက်စတိုးနဲ့ လက်လီအရောင်းဆိုင်တွေမှာ Pack Transfer (သို့) ခဲခြစ်ကတ်များအဖြစ် အလွယ်တကူ ဝယ်ယူနိုင်သလို အကောင့်ငွေဖြည့်ပြီး မြန်မာနက် အပလီကေးရှင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။
၁။ မြန်မာနက်အကောင့်ကတ် ဆိုတာဘာပါလဲ။
အင်တာနက်အသုံးပြုနိုင်ဖို့အတွက် မြန်မာနက်အကောင့်နံပါတ် (ဂဏန်း ၉ လုံး) နဲ့ လျှို့ဝှက်နံပါတ် (ဂဏန်း ၄ လုံး) ပါဝင်တဲ့ ခဲခြစ်ကတ်တွေဖြစ်ပြီး အကောင့်တွင်း ငွေဖြည့်၍ ဆက်လက်အသုံးပြုနိုင်ပါတယ်။
၂။ အကောင့်ကတ်တစ်ခုကို device ဘယ်နှစ်လုံးအသုံးပြုလို့ ရနိုင်ပါသလဲ။
အကောင့်ကတ်တစ်ခုကို device တစ်ခုသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
၃။ မြန်မာနက် အကောင့်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ဘယ်မှာဝယ်လို့ရပါသလဲ။
မြန်မာနက်စတိုးများနဲ့ လက်လီအရောင်းကိုယ်စားလှယ်ဆိုင်များမှာ ဝယ်ယူနိုင်ပြီး နီးစပ်ရာ Convenience စတိုးတွေမှာ ဝယ်ယူနိုင်ပါတယ်။
၄။ အကောင့်တွင်း အသုံးပြုမှုတွေကို ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
“Myanmar Net” ဝိုင်ဖိုင်ကို ချိတ်ဆက်ပြီးနောက် မြန်မာနက် အပလီကေးရှင်း (သို့မဟုတ်) www.myanmarnet.com တွင် အင်တာနက်သုံးစွဲမှုများ၊ ငွေဖြည့်ကတ်အသုံးပြုမှုများအတွက် စစ်ဆေးနိုင်ပါတယ်။
၅။ ကုန်လျှင် Auto ဝယ်စနစ်ဆိုတာ ဘာပါလဲ။
အင်တာနက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် Pack သက်တမ်းကုန်သွားတိုင်း အလိုအလျောက် ဝယ်ယူပေးတဲ့ စနစ်ဖြစ်ပါတယ်။
၆။ Auto ဝယ်စနစ်ကို အသုံးမပြုချင်ရော ရပါသလား။
Pack များကို ဝယ်ယူသည့်အခါ အောက်နေရာတွင် “ကုန်လျှင် Auto ဝယ်” စနစ်ကို ပိတ်ထားနိုင်ပါတယ်။
၇။ MAC Address ကို ဘယ်လို ကြည့်ရမှာလဲ။
WiFi Address ဟုလည်း ခေါ်ဆိုကြသည့် MAC Address ကို “Setting>About Device” မှာ ကြည့်နိုင်ပါတယ်။ (နမူနာပုံစံ – 77:33:C2:09:55:3A)
၈။ အကောင့်လျို့ဝှက်နံပါတ်ကို မေ့သွားတာ အသစ်ပြန်ရနိုင်မလား။
ကျေးဇူးပြု၍ မြန်မာနက်ဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်ပေးပါ။
၉။ မြန်မာနက်ငွေဖြည့်ကတ်မှာ ပါဝင်တဲ့လျို့ဝှက်နံပါတ်ကို သုံးလို့မရတာ ဘယ်လိုလုပ်ရမှာပါလဲ။
မြန်မာနက်ဝန်ဆောင်မှုဌာန ၀၉ – ၇၆၅၃၃ ၈၄၄၀ ၊ ၀၉ – ၇၆၅၃၃ ၈၄၄၁ (မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ)၊ မြန်မာနက်အပလီကေးရှင်း သို့မဟုတ် မြန်မာနက်ဝက်ဘ်ဆိုဒ် www.myanmarnet.com မှ Chatbots များနှင့် email လိပ်စာ cs@myanmarnet.com တို့မှ ဆက်သွယ်နိုင်ပါသည်။
၁။ မြန်မာကက် ဆိုတာ ဘာလဲ။
မြန်မာကက် ဆိုတာ ဖျော်ဖြေရေးဆိုင်ရာ ရုပ်သံအစီအစဉ်တွေကို ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် ကြည့်ရှုနိုင်တဲ့ Streaming App တစ်ခု ဖြစ်ပါတယ်။
၂။ မြန်မာကက် မှာ ဘာတွေကြည့်လို့ရမှာလဲ ။
မြန်မာဗီဒီယိုများ၊ မြန်မာဇာတ်လမ်းတွဲအသစ်များ၊ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ LIVE TV အစီအစဉ်များ၊ ကြော်ငြာမပါ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ တေးဂီတ၊ လူနေမှုဘဝ၊ ကျန်းမာရေးနှင့် အခြားသုတ၊ ရသ ကဏ္ဍမျိုးစုံ အစီအစဉ်တွေကို ကြည့်နိုင်ပါတယ်။
၃။ မြန်မာကက် App ကို ဘယ်လိုဝင်ရမှာလဲ။
မြန်မာနက်အကောင့်ရှိသူများ မြန်မာနက်ချိတ်ဆက်ထားပါက မြန်မာကက် App ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာနက်ချိတ်ထားခြင်း မရှိပါက မြန်မာကက် ရက် (၃၀) ခဲခြစ်ကတ်မှာပါတဲ့ Username ၊ Password တို့ကို အသုံးပြုပြီးတော့လည်း မြန်မာကက် App ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၄။ ခဲခြစ်ကတ်တွေကို ဘယ်မှာ ဝယ်ရမှာလဲ။
မြန်မာကက် ခဲခြစ်ကတ်ကို နီးစပ်ရာအရောင်းကိုယ်စားလှယ်ဆိုင်များနဲ့ မြန်မာနက်စတိုးတွေမှာ ဝယ်နိုင်ပါတယ်။
၅။ ဝယ်ယူထားတဲ့ မြန်မာကက် အစီအစဉ်သက်တမ်း ကုန်ဆုံးမယ့်ရက်ကို ဘယ်လိုသိနိုင်မလဲ။
မြန်မာကက် အစီအစဉ်သက်တမ်းကို မြန်မာနက် App မှာ ကြည့်နိုင်ပါတယ်။
၆။ မြန်မာကက် ကို မြန်မာနက်အင်တာနက်နဲ့ပဲ ကြည့်နိုင်တာလား။
ကြိုက်တဲ့ အင်တာနက်လိုင်းသုံးပြီး မြန်မာကက်ကို ကြည့်နိုင်ပါတယ်။
၇။ မြန်မာနိုင်ငံတွင်းမှာပဲ မြန်မာကက်ကို ကြည့်နိုင်တာလား။
တစ်ကမ္ဘာလုံး ဘယ်နေရာမှာမဆို မြန်မာကက်ကို ကြည့်နိုင်ပါတယ်။
၈။ မြန်မာကက် App က ဗီဒီယိုတွေကို ဒေါင်းလုဒ် ဆွဲနိုင်ပါသလား။
ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်နိုင်ပေမယ့် ဒေါင်းလုဒ် ဆွဲလို့ မရပါဘူး။
၉။ မြန်မာကက် App ကို ဘယ် ဖုန်းအမျိုးအစားတွေမှာ ကြည့်လို့ရလဲ။
မြန်မာကက်ကို ဘယ်ဖုန်းအမျိုးအစားနဲ့မဆို ချိတ်ဆက်ကြည့်နိုင်ပြီး TVie စက် တပ်ဆင်ထားသူများ TVie စက်ဖြင့် TV ကနေ ကြည့်ရှုနိုင်ပါတယ်။
၁၀။ မြန်မာကက် ကို ဖုန်းဘယ်နှစ်လုံးထိ ချိတ်ပြီး ကြည့်နိုင်ပါသလဲ။
မြန်မာကက်ကို အကောင့်တစ်ခုအတွက် ဖုန်းတစ်လုံး ချိတ်ဆက်ကြည့်နိုင်ပြီး တစ်ခြားဖုန်းမှာ ပြောင်းကြည့်မယ်ဆိုရင် အရင်ချိတ်ထားတဲ့ ဖုန်းကို ဖြုတ်ရပါမယ်။
၁။ Domain Name ဆိုတာဘာလဲ?
Domain Name ဆိုတာ Internet ပေါ်ကလိပ်စာတစ်ခုဖြစ်ပါတယ်။ Internet ပေါ်က Website လိပ်စာတစ်ခုကိုကြည့်ရှုလိုပါက၎င်း Website ရဲ့လိပ်စာဖြစ်သည့် Domain Name (e.g www.google.com) ကိုသိဖို့လိုအပ်ပါတယ်။ မိမိ၏အကြောင်း ၊ မိမိ၏စီးပွားရေးစသည်ဖြင့် Internet ပေါ်တွင် Website တစ်ခု အနေဖြင့်တင်လိုပါက Domain Name တစ်ခုကိုအရင်ဆုံး လျှောက်ထားရန်လိုအပ်ပါတယ်။
၂။ Domain အမျိုးအစားကဘာတွေရှိလဲ?
Domain Name တွေမှာ TLD နဲ့ CCTLD ဆိုပြီးရှိကြပါတယ်။ TLD ဆိုတာ Top Level Domain ကိုပြောတာဖြစ်ပါတယ်။ TLD မှာ .com/.org/ .net/ .info/ .biz တို့ပါရှိပါတယ်။CCTLD ဆိုတာကတော့ Country Code Top Level Domain ကိုပြောတာဖြစ်ပါတယ်။ CCTLD မှာ .com.mm/ .com.jp/ .net.mm/ .com.us/ .net.us တို့ပါရှိပါတယ်။
၃။ Domain Name Extension ကဘာလဲ?
Domain Name Extension တွေမှာ အဓိပ္ပာယ်ကိုယ်စီရှိကြပါတယ်။
၁။ .com ( Commercial စီးပွားရေးလုပ်ငန်းတွေအတွက်အသုံးပြုကြပါတယ် )
၂။ .org ( Organizations, NGOs တွေ ၊ အသင်းအဖွဲ့ ၊ Group of Companies များ )
၃။ .net ( Networking လုပ်ငန်းများ ၊ Internet လုပ်ငန်းများ )
၄။ .info ( Information လုပ်ငန်းများ )
၅။ .biz ( Business များ )
၆။ .com.mm ( Myanmar – Country Code တွေပါလို့ ဘယ်နိုင်ငံကလဲဆိုတာသိနိုင်ပါတယ် )
၇။ .msme.mm ( အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ )
၄။ Domain Name အသုံးပြုခြင်းကြောင့်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ?
- မိမိကိုယ်ပိုင် Domain Name ကို အသုံးပြုခြင်းဖြင့် ကုန်ပစ္စည်းသုံးစွဲသူများကြားတွင် မိမိ၏လုပ်ငန်းကို ယုံကြည်မှုပိုမိုရရှိစေပါတယ်။
- မိမိဝယ်ယူထားသော Domain Name ကိုအသုံးပြုပြီး Website တစ်ခုတည်ဆောက်ထားပါက Domain name address (e.g www.yourdomainname.com) ကိုအလွယ်တကူ internet မှခေါ်ယူကြည့်ရှုနိုင်ပြီး မိမိလုပ်ငန်းကိုအသေးစိတ်ရှင်းပြစရာမလိုပဲ ကြော်ငြာပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။
- ကိုယ်ပိုင် Domain Name ဖြင့် Email/Website တစ်ခုတည်ဆောက်ထားပါက အခြားစီးပွားရေးပြိုင်ဘက်များထက်လည်း မိမိလုပ်ငန်းကို ယုံကြည်မှု ပိုရရှိစေပါတယ်။
၅။ Frontiir .mm Domain Name Service ကိုဘယ်လိုမှာယူရမလဲ ?
Online မှ Domain Name Preorder Form ကိုပြည့်စုံစွာရေးသားပြီး အလွယ်တကူလျှောက်ထားနိုင်ပါတယ်။