မြန်မာနက်ဝန်ဆောင်မှုဌာန ဖုန်းနံပါတ်များ

ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ …


Hotline ဖုန်း နံပါတ် 09 765444150 မှာ လစဉ်ကြေးပေးဆောင်ပြီး အမြန်ဆုံးလိုင်းပြန်လည်ရရှိစေရန် သီးသန့်ဝန်ဆောင်မှုပေးသော ဖုန်း နံပါတ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခြားသောလိုအပ်ချက်များအတွက် အောက်ဖော်ပြပါ မြန်မာနက်ဝန်ဆောင်မှုဌာနသို့သာ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


လစဉ်ကြေး ၂၄,၀၀၀ ကျပ် နှင့်အထက် မြန်မာနက်ပလပ်စ် လစဥ်သုံးအစီအစဥ်များအတွက် အင်တာနက်လိုင်း အသစ်တပ်ဆင်ရန်နှင့် အင်တာနက်လိုင်းဆိုင်ရာ အခက်အခဲများရှိပါက 09 76533 8441 သို့လည်းကောင်း၊လစဉ်ကြေး ၂၀,၀၀၀ ကျပ်နှင့်အောက် မြန်မာနက် လစဥ်သုံးအစီအစဥ်များအတွက် 09 76533 8440 သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။


မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ကာလ ၂၀၂၁ ဧပြီလ ၁၄ ရက် မှ ၁၇ ရက် အတွင်း ဖုန်းပြန်လည်ဖြေကြားခြင်းများကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး ၂၀၂၁ ဧပြီလ ၁၈ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


မြန်မာနက်အင်တာနက်

မြန်မာနက်တပ်ဆင်ကြေး ပြောင်းလဲခြင်းအသိပေးကြေညာချက်

မြန်မာနက်တပ်ဆင်ကြေး ပြောင်းလဲခြင်းအသိပေးကြေညာချက်

မင်္ဂလာပါ … မြန်မာနက်အသုံးပြုသူ လူကြီးမင်းများခင်ဗျာ …

အသုံးပြုသူများအတွက် အစဥ်အမြဲ ဦးစားပေးဆောင်ရွက်လျှက်ရှိသော မြန်မာနက်အနေဖြင့် လတ်တလောအခြေအနေတွင် အထွေထွေကုန်ကျစရိတ်များ နေ့စဉ်နှင့်အမျှမြင့်တက်နေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိရာ ယခုအခါတွင် မလွဲမရှောင်သာ၍ တပ်ဆင်မှုနှုန်းထားများကို ပြောင်းလဲတိုးမြှင့်ခဲ့ရပါသည်။

အထက်ပါအကြောင်းအရာများကြောင့် မြန်မာနက်နှင့် မြန်မာနက်ပလပ်စ် တပ်ဆင်မှု နှုန်းထားများကို ဧပြီလ ၁၈ ရက်မှ စတင်၍ ယခင် ၉,၀၀၀ ကျပ် မှ ယခု ၁၉,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနက်အင်တာနက်ကို ယခုအချိန်ထိ ယုံကြည်စိတ်ချစွာသုံးစွဲကြသူများအား မြန်မာနက်မှ အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်။

မြန်မာနက် အင်တာနက်

       

ပြည်တွင်းနက်

  • ရုံးချုပ်တွင် “ပြည်တွင်းနက်” တပ်ဆင်ရုံဖြင့် ရုံးချုပ်နှင့်ရုံးခွဲများအချင်းချင်း အီးမေးလ်များပေးပို့နိုင်ခြင်း၊ အချက်အလက်များ၊ ဖိုင်များကို အင်တာနက်မရသောအချိန်များတွင်ပါ အချိန်မရွေးအသုံးပြုနိုင်ခြင်း
  • လုံခြုံရေးကင်မရာ (CCTV) များကိုလည်း အချိန်ပြည့် ကြည့်ရှုနိုင်ခြင်း
  • ရုံးချုပ်တွင် မြန်မာနက်လုပ်ငန်းသုံး အင်တာနက် နှင့် ရုံးခွဲ၊ ဆိုင်ခွဲများတွင် မြန်မာနက်အင်တာနက် (မည်သည့်လစဥ်သုံးအစီအစဥ်မဆို) တပ်ဆင်ထားရပါမည်

တပ်ဆင်ကြေး – ၉,၀၀၀ ကျပ်

စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

လစဉ်ကြေး – ပြည်တွင်းနက် ၁ လိုင်းအတွက်လုပ်ငန်းသုံး အင်တာနက်ဈေးနှုန်းများအတိုင်း ရွေးချယ်နိုင်ပါသည်။

ပြည်တွင်းနက်

  • ရုံးချုပ်တွင် “ပြည်တွင်းနက်” တပ်ဆင်ရုံဖြင့် ရုံးချုပ်နှင့်ရုံးခွဲများအချင်းချင်း အီးမေးလ်များပေးပို့နိုင်ခြင်း၊ အချက်အလက်များ၊ ဖိုင်များကို အင်တာနက်မရသောအချိန်များတွင်ပါ အချိန်မရွေးအသုံးပြုနိုင်ခြင်း
  • လုံခြုံရေးကင်မရာ (CCTV) များကိုလည်း အချိန်ပြည့် ကြည့်ရှုနိုင်ခြင်း
  • ရုံးချုပ်တွင် မြန်မာနက်ပလပ်စ် အင်တာနက် နှင့် ရုံးခွဲ၊ ဆိုင်ခွဲများတွင် မြန်မာနက်အင်တာနက် (မည်သည့်လစဥ်သုံးအစီအစဥ်မဆို) တပ်ဆင်ထားရပါမည်

တပ်ဆင်ကြေး – ၉,၀၀၀ ကျပ်

စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

လစဉ်ကြေး – ပြည်တွင်းနက် ၁ လိုင်းအတွက် ပလပ်စ်အင်တာနက်ဈေးနှုန်းများအတိုင်း ရွေးချယ်နိုင်ပါသည်။

လုပ်ငန်းကြီးသုံး ၂လိုင်းဖိုင်ဘာ (မန္တလေးနှင့် အခြားမြို့များ)

မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ တောင်ကြီး နှင့်ကွေး မြို့များအတွက် ဖိုင်ဘာနှစ်လိုင်းသုံးနိုင်သည့် စိတ်အချရဆုံး ဝန်ဆောင်မှု

  • တစ်လိုင်းပျက်လျှင် နောက်တစ်လိုင်းဖြင့် 40Mbps ထိ ဆက်လက်အသုံးပြုနိုင်ခြင်း
  • ဒုတိယ ဖိုင်ဘာလိုင်း လစဉ်ကြေး အခမဲ့
  • သီးသန့်တာဝန်ခံရှိခြင်းဖြင့် (၂၄) နာရီအတွင်း အခက်အခဲဖြေရှင်းပေးခြင်း

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

ဖိုင်ဘာ သီးသန့်လိုင်း

  • ပထမလိုင်း တပ်ဆင်ကြေး – အခမဲ့
  • ဒုတိယလိုင်း – ၃၉,၀၀၀ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ် ( ၁လိုင်း )

ဖိုင်ဘာမရလျှင် ကြိုးမဲ့ဖြင့်တပ်ဆင်နိုင်သည်။

လုပ်ငန်းသုံးအင်တာနက်ဖြင့် TVie မှ အစီအစဥ်များကို TV နှင့် ဖုန်းတွင် အဝကြည့်နိုင်ပါသည်။

လုပ်ငန်းကြီးသုံး ၂လိုင်းဖိုင်ဘာ (ရန်ကုန်)

ရန်ကုန်မြို့အတွက် ဖိုင်ဘာနှစ်လိုင်းသုံးနိုင်သည့် စိတ်အချရဆုံး ဝန်ဆောင်မှု

  • တစ်လိုင်းပျက်လျှင် နောက်တစ်လိုင်းဖြင့် 40Mbps ထိ ဆက်လက်အသုံးပြုနိုင်ခြင်း
  • ဒုတိယ ဖိုင်ဘာလိုင်း လစဉ်ကြေး အခမဲ့
  • သီးသန့်တာဝန်ခံရှိခြင်းဖြင့် (၂၄) နာရီအတွင်း အခက်အခဲဖြေရှင်းပေးခြင်း

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

ဖိုင်ဘာ သီးသန့်လိုင်း

  • ပထမလိုင်း တပ်ဆင်ကြေး – အခမဲ့
  • ဒုတိယလိုင်း – ၃၉,၀၀၀ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ် ( ၁လိုင်း )

ဖိုင်ဘာမရလျှင် ကြိုးမဲ့ဖြင့်တပ်ဆင်နိုင်သည်။

လုပ်ငန်းသုံးအင်တာနက်ဖြင့် TVie မှ အစီအစဥ်များကို TV နှင့် ဖုန်းတွင် အဝကြည့်နိုင်ပါသည်။

လုပ်ငန်းသုံးအင်တာနက် (မန္တလေးနှင့် အခြားမြို့များ)

မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ မော်လမြိုင်၊ တောင်ကြီး နှင့်မကွေး မြို့များအတွက် ဖိုင်ဘာနှင့် ကြိုးမဲ့ နှစ်လိုင်းလုံးတစ်ပြိုင်နက်သုံးနိုင်သည့် စိတ်အချရဆုံး ဝန်ဆောင်မှု

  • မှာယူသူတစ်ဦးချင်းစီအတွက် သီးသန့်တာဝန်ခံရှိခြင်း
  • ၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း
  • သီးသန့်လိုင်းများဖြစ်သောကြောင့် လိုင်းပျက်တောက်မှုနည်းပါးပြီး တစ်လိုင်းပျက်လျှင်နောက်တစ်လိုင်းဖြင့် 40 Mbps ထိ ဆက်လက် အသုံးပြုနိုင်ခြင်း

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

ဖိုင်ဘာ သီးသန့်လိုင်း

  • ၁ လိုင်း တပ်ဆင်ကြေး – ၁၈,၀၀၀ ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

မြန်နှုန်းပေါ်မူတည်၍ ၁,၀၁၀,၀၀၀ ကျပ်အထိ အခြားလုပ်ငန်းသုံးအင်တာနက် အစီအစဥ်များလည်း ရှိပါသည်။

လုပ်ငန်းသုံးအင်တာနက်ဖြင့် TVie မှ အစီအစဥ်များကို TV နှင့် ဖုန်းတွင် အဝကြည့်နိုင်ပါသည်။

လစဥ်ကြေးကောက်ခံမှုဆိုင်ရာ ကြေညာချက် (ဧပြီလ ၈ ရက် ၂၀၂၁)

မင်္ဂလာပါ…

မြန်မာနက်မှ  လတ်တလောကာလအတွင်း အိမ်အရောက် ငွေကောက်ခံသည့် ၀န်ဆောင်မှုကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနက်စတိုးများအားလုံးကိုလည်း နေ့စဉ်နီးပါးဖွင့်နိုင်အောင် ကြိုးစားပေးခဲ့ပါသည်။

သို့သော်လည်း ၂ လကျော်သည့်တိုင်အောင် လစဉ်ကြေးလာရောက် ပေးသွင်းခြင်းမရှိသည့် Customer အချို့ကြောင့် လိုင်းများဖြတ်တောက်လိုက်ရခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

လစဥ်ကြေးပေးဆောင်ပြီး အမြန်ဆုံးလိုင်းပြန်လည်ရရှိရန် Hotlineနံပါတ် 09 765 444 150 ကိုဆက်သွယ်နိုင်ပါသည်။ လစဥ်ကြေးများကို နီးစပ်ရာမြန်မာနက်စတိုးများ၊ မြန်မာနက် အ‌‌ရောင်းကိုယ်စားလှယ်ဆိုင်များနှင့်  KBZ, AYA,CB Mobile Banking နှင့် CB Pay များမှ တဆင့်ပေးချေနိုင်ပါသည်။

လတ်တလောအချိန်တွင် အင်တာနက်ဆိုင်ရာ အခက်အခဲများနှင့် လိုင်းအသစ်တပ်ဆင်မှုတို့ကြောင့် ဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက်ရှိနေပါသဖြင့်  ဖုန်းခေါ်ဆိုရာတွင် ကြန့်ကြာခြင်းများ ဖြစ်ပေါ်နေသည့်အပေါ်  နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

အသုံးပြုသူများအတွက် ထာဝစဥ်ဦးစားပေးဆောင်ရွက်လျက်ရှိသော မြန်မာနက်အနေဖြင့် အင်တာနက်ကွန်ရက် နေ့စဥ်ချိတ်ဆက်သုံးနိုင်ရန်အတွက် အကောင်းဆုံး၀န်ဆောင်မှုပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။