လိုက်နာရမည့် မူဝါဒများ

မြန်မာနက်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာရမည့်မူဝါဒများ (AUP)

တရားဥပဒေဆိုင်ရာ မူဝါဒများအရ အင်တာနက်နှင့် အခြားမြန်မာနက်ဝန်ဆောင်မှုများကို အသုံးချ၍ အောက်ပါအချက်များကို ပြုလုပ်ခွင့်မရှိပါ။

  1. ကွန်ရက်ကို သုံး၍ ရာဇဝတ်မှုများ ကျူးလွန်ခြင်း (သို့) အားပေးအားမြှောက်ပြုလုပ်ခြင်း။
  2. ကွန်ရက်ကို ဥပဒေနှင့် မညီသော လုပ်ဆောင်ချက် (သို့) ဥပဒေချိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း။
  3. မြန်မာနိုင်ငံတွင်းရှိ လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းစည်းကမ်း၊ တရားဥပဒေများကို လိုက်နာမှုမရှိသည့် ပြုလုပ်ဆောင်ရွက်မှုမျိုး လုပ်ဆောင်ခြင်း။
  4. ကိုယ်တိုင်ဖြစ်စေ ကိုယ်တိုင်မဟုတ်ဘဲ အခြားသော လူ၊ အဖွဲ့အစည်းအား AUP မူဝါဒများနှင့် ဆန့်ကျင်ဆောင်ရွက်ခြင်း။
  5. spam ၊ ဗိုင်းရပ်စ် သင့်လျော်မှုမရှိသည့် အရာများအား ရည်ရွယ်ချက်ဖြင့် ရှာဖွေရယူခြင်း၊ ဖြန့်ဖြူးခြင်း။
  6. ကွန်ပျူတာ လုပ်ငန်းဆောင်ရွက်မှု၊ စွမ်းရည်များကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် အီးမေးလ် (သို့) အခြားသော အီလက်ထရွန်းနစ် မက်ဆေ့ချ်ပို့မှုများပြုလုပ်ခြင်း။
  7. အခြားသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်း၊ အနှောက်အယှက်ဖြစ်စေခြင်း။
  8. အခြားသူများအား ရိုင်းပျစွာဆက်ဆံခြင်း ၊ စိတ်အနှောက်အယှက်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေရန် အသရေဖျက်ခြင်း၊ ညစ်ညမ်းသည့် အပြုအမူ၊ ခြိမ်းခြောက်ပြောဆိုမှုများကို တမင်တကာရည်ရွယ်ပြုလုပ်ခြင်း။ အခြားတစ်ပါးသူပုံစံ ဟန်ဆောင်ပြုမူခြင်း၊ ဒုက္ခပေးခြင်း။
  9. အခြားသူများ ပိုင်ဆိုင်သည့် စက်ပစ္စည်း ကိရိယာ၊ ဆော့ဖ်ဝဲစသည်တို့၏ လုံခြုံရေးကို ဖောက်ထွင်းခြင်း၊ ကြိုးပမ်းခြင်း။ Hacking ပြုလုပ်ခြင်း။
  10. သီချင်း၊ ရုပ်ရှင်များစသည့် သတင်းအချက်အလက်များကို မူပိုင်ရှင်ထံမှ ခွင့်ပြုချက်မရှိဘဲ ရှာဖွေရယူခြင်း၊ ဖြန့်ဖြူးခြင်း။
  11. မှန်ကန်မှုမရှိသော သတင်းအချက်အလက်ထုတ်လွှင့်ဖြန့်ဖြူးခြင်း (သို့) မှန်ကန်သည့် သတင်းအချက်အလက်များကို ဖျက်ဆီးပျက်ပြားစေခြင်း။
  12. လိုအပ်သော Bandwidth ထက် ပိုမိုများပြား အချိန်ကြာမြင့်စွာဖြင့် အသုံးပြုသည့် အပလီကေးရှင်း၊ ပရိုဂရမ်မျိုး သုံးခြင်း (ဥပမာ – Bit Torrent) ၊ အခြားသော အသုံးပြုသူများအတွက် ဝန်ဆောင်မှု ပေးအပ်ရာတွင် ထိခိုက်နစ်နာစေမှုမျိုး ဖြစ်ပေါ်စေခြင်း။
  13. မြန်မာနက်၏ ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ တစ်ဆင့်ပြန်လည်ရောင်းချခြင်း။
  14. မြန်မာနက်အသုံးပြုသူများရရှိသည့် ဝန်ဆောင်မှုအရည်အသွေးကို နိမ့်ကျစေရန် လုပ်ဆောင်ခြင်း။
  15. မြန်မာနက်ကွန်ရက်ထိန်းချုပ်မှုဌာန (သို့) လုပ်ငန်းလည်ပတ်မှုစင်တာအတွင်း (သို့) ဝန်ဆောင်မှုကွန်ရက်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ခွင့်ပြုချက်မရှိဘဲ ချိုးဖောက် ဝင်ရောက်ခြင်း။ Hacking ပြုလုပ်ခြင်း။
  16. မြန်မာနက် (သို့) အခြားအဖွဲ့များ၏ မူပိုင်ခွင့်ဆိုင်ရာများကို ကျူးလွန်ဖောက်ဖျက်၊ ထိခိုက်နစ်နာစေခြင်းများအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်ခြင်း။
  17. မြန်မာနက် ဝန်ဆောင်မှုအား တမင်တကာ ထိခိုက်နစ်နာစေခြင်း။

ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ

မြန်မာနက် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း၏ သုံးစွဲသူကိုယ်ရေးအချက်အလက်နှင့်လုံခြုံမှုဆိုင်ရာ ကာကွယ်ခြင်း မူဝါဒ

Frontiir ကုမ္ပဏီ၏ အင်တာနက်ဝန်ဆောင်မူလုပ်ငန်းဖြစ်သော Myanmar Net (မြန်မာနက်) မှ ကြိုဆိုပါသည်။ ဤစာစုသည် မြန်မာနက် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၏ သုံးစွဲသူကိုယ်ရေးအချက်အလက်နှင့်လုံခြုံမှု ကာကွယ်ခြင်း မူဝါဒများနှင့်တကွ မြန်မာနက်မှ သင်၏ ကိုယ်ရေးအချက်အလက်များကို မည်သို့မည်ပုံ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ မျှဝေခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။

၁။ သုံးစွဲသူ ကိုယ်ရေးအချက်အလက်များကို မြန်မာနက်မှ စုဆောင်းပုံ
    ၁.၁။ သင်ကိုယ်တိုင် ပေးထားခဲ့သော သတင်းအချက်အလက်များမှာ-
  • အကောင့်ဖွင့်ရာတွင်သင်ဖြည့်ခဲ့သည့် ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သော သင့်နာမည် ဖုန်းနံပါတ် လိပ်စာ မှတ်ပုံတင်နံပါတ် နှင့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များ
  • အင်တာနက်ဝန်ဆောင်မူ ဝယ်ယူခြင်းနှင့် ပတ်သက်၍ နေ့စဉ်သုံး (သို့မဟုတ်) လစဉ်သုံး (သို့မဟုတ်) ငွေဖြည့်ကဒ်ဖြင့် အသုံးပြုရာတွင် အသုံးပြုသော အချက်အလက်များ
  • ဘာသာစကား ရွေးချယ်မှု အချက်အလက်များ
   ၁.၂။ Mobile Application မှ အလိုအလျောက် စုဆောင်းထားသော အချက်အလက်များ
  • သင်အသုံးပြုသော Mobile Phone နှင့် သက်ဆိုင်သော အချက်အလက်များ ဖြစ်သည့် စက်ပစ္စည်း နံပါတ်၊ အမျိုးအစား၊ ထုတ်လုပ်သည့် ကုမ္မဏီ၊ Operating System ၊ Specific Version ၊ Mac Address နှင့် IP Address
  • သင်အသုံးပြုထားသော အင်တာနက်ဒေတာ အသုံးပြုမူ အချက်အလက်များ (သင့်အနေဖြင့်ဝယ်ယူထားသော ဒေတာ package များ အပြောင်းအလဲပြုလုပ်လိုပါလျှင် အလွယ်တကူ ပြောင်းလဲနိုင်စေရန် စုဆောင်းထားပါသည်။)
၂။ သင်၏ အချက်အလက်များကို မြန်မာနက်မှ အသုံးပြုပုံ

သင့်အား ပေးအပ်မည့် ဝန်ဆောင်မူနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ သင့်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါအတိုင်း သုံးစွဲပါသည်။

  • မြန်မာနက်အနေဖြင့် လိုအပ်သော သင့်ကိုယ်ရေးအချက်အလက်များကို နောက်တစ်ကြိမ် ဝန်ဆောင်မှု ပြန်လည်အသုံးပြုသည့်အခါ လွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မှတ်သားထားခြင်း။
  • သင့် ကိုယ်ရေးအချက်အလက်များမှတစ်ဆင့် အနာဂတ်တွင် သင်လိုအပ်မည်ထင်သော Data Package ၊ Internet ဈေးနှုန်း အစရှိသည်တို့ကို တိကျမှန်ကန်မြန်ဆန်စွာ ဝန်ဆောင်မူပေးနိုင်ရန် မှတ်သား ထားခြင်း။
  • သင်သုံးစွဲလျက်ရှိသော မြန်မာနက်အင်တာနက်ဝန်ဆောင်မှုတွင် အခက်အခဲများ ကြုံလာသည့်အခါ တွင်လည်းကောင်း၊ မေးခွန်းများပေါ်လာသည့်အခါတွင်လည်းကောင်း မြန်မာနက်ဘက်မှ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ စုဆောင်းထားပါသည်။ ထို့အတူ မြန်မာနက်၏ ဝန်ဆောင်မှုလုပ်ငန်းတွင် ပိုမိုကောင်းမွန်သော ဒေတာ package ၊ user interface design များပြင်ဆင်နို်င်ရန် စုဆောင်း ထားပါသည်။
၃။ အချက်အလက်များ မျှဝေခြင်းနှင့် အသိပေးခြင်းဆိုင်ရာမူဝါဒများ

မြန်မာနက်မှ သင်၏ကိုယ်ရေး အချက်အလက်များကို တခြားစီပွားရေးလုပ်ငန်းများသို့ အကျိုးအမြတ်အတွက် မည်သည့်အခါတွင်မှ ရောင်းချခြင်းပြုလုပ်မည် မဟုတ်ပါ။ မြန်မာနက်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို အောက်ပါအရေးကြီးသော အခြေအနေမှလွဲ၍ အသိပေးမျှဝေမည်မဟုတ်ပါ။

  • အကယ်၍ နည်းဥပဒေအရ တရားဝင် လုပ်ဆောင်မည်ဆိုလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရ အဖွဲအစည်းများမှ တရားဝင်တောင်းခံလာလျှင်သော်လည်းကောင်း ဥပဒေနှင့်အညီ ပေးအပ်ပါ မည်။
  • မြန်မာနက်အနေဖြင့် အခြားစီးပွားရေးလုပ်ငန်းတစ်ခုမှ ဝယ်ယူခြင်း၊ ပူးပေါင်းခြင်း နှင့် ပြန်လည် ဖွဲ့စည်းခြင်းများ ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း ၊ သင့်အား ပေးအပ်သော ဝန်ဆောင်မူ ပိုမို ကောင်းမွန်လာစေရန် လိုအပ်ပါက မြန်မာနက် လုပ်ငန်းခွဲများကို အချက်အလက်များအား မျှဝေရန် လုပ်ဆောင်မည်ဖြစ်ပါသည်။
၄။ လုံခြုံရေးဆိုင်ရာမူဝါဒများ

လုံခြုံရေးဆိုင်ရာနောက်ဆုံးပေါ် နည်းပညာများဖြင့် သင်၏ အချက်အလက်များကို လုံခြုံမူရှိစေရန် မြန်မာနက် အနေဖြင့် ကာကွယ်မူပေးထားပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များအား တရားမဝင် လိမ်လည် လှည့်ဖျားခြင်းများ (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲယူဆောင်ခြင်းများ မဖြစ်ပေါ်စေရန် မြန်မာနက်ဘက်မှ လုံခြုံစွာဖြင့်သိမ်းဆည်းထားပါသည်။ မြန်မာနက်အနေဖြင့် ကာကွယ်မှုပေးထားသော်လည်း ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော လုံခြုံရေးစနစ်မည်သည်မရှိသောကြောင့် သင်၏အချက်အလက်နှင့် ပတ်သက်၍ ခွင့်ပြုချက် မရှိဘဲ ဒေတာခိုးယူခြင်း၊ ယူဆောင်ခြင်း နှင့် ပတ်သက်၍ အပြည့်အ၀ အာမခံမှု ပေးနိုင်မည်မဟုတ်ပါသော်လည်း အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ်သတ်မှတ်၍ အတတ်နိုင်ဆုံး ထိန်းသိမ်း သွားပါမည်။

၅။ မူဝါဒဆိုင်ရာ ပြောင်းလဲမှုနှင့်ပတ်သက်၍ အကြောင်းကြားခြင်း

မြန်မာနက်အနေဖြင့် ပြုပြင်ပြောင်းလဲခြင်းနှင့်ဆိုင်သော ကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီ Website တွင် ကြော်ငြာပေးမည်ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲမူပြုလုပ်ပြီးနောက် သင့်အနေဖြင့် ဝန်ဆောင်မူအား ဆက်လက်အသုံးပြုနေပါက မြန်မာနက်အနေဖြင့် သင်သဘောတူညီသည်ဟု ယူဆပါသည်။ သင့်အနေဖြင့် မှတ်ချက်ပေးလိုလျှင်လည်းကောင်း၊ ဆက်စပ်သည့်မေးခွန်းများ မေးမြန်းလိုလျှင်လည်းကောင်း၊ အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

အီးမေးလ်လိပ်စာ- feedback@frontiir.net

Frontiir Co., Ltd
အမှတ် ၃၃၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

အလုပ်အကိုင်များ

အလုပ်အကိုင် အခွင့်အလမ်းများအတွက် jobs@myanmarnet.com သို့ email ပေးပို့ လျှောက်ထားနိုင်ပါသည်။

မြန်မာနက်အကြောင်း

မြန်မာနက်သည် FRONTIIR Co., Ltd. ၏ လုပ်ငန်းအမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။

FRONTIIR သည် အင်တာနက်နှင့် နည်းပညာဆိုင်ရာ နိင်ငံတကာကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဖွား ကမ္ဘာ့အဆင့် နည်းပညာရှင် ဦးဝေလင်းထွန်းနှင့် ကျွမ်းကျင်ပညာရှင်များမှ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ လူတိုင်းတတ်နိုင်သည့် ချိုသာသော ဈေးနှုန်းဖြင့် မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင်ရန် ရည်မှန်းချက်ဖြင့် တည်ထောင်ခဲ့သော Frontiir ကုမ္ပဏီတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော်လည်း အဓိကရှယ်ယာအများစုကို ဦးဝေလင်းထွန်းနှင့် တည်ထောင်သူများမှ ဆက်လက်ပိုင်ဆိုင်ထားပါသည်။

ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အ.ထ.က (၁) ဒဂုံမှ အထက်တန်းကျောင်း အောင်မြင်ခဲ့သော ဦးဝေလင်းထွန်းသည် အမေရိကန်နိုင်ငံ Berkeley ရှိ California တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံ (EECS) ဆိုင်ရာ B.S ဘွဲ့၊ Massachusetts Institute of Technology တက္ကသိုလ်မှ S.M. နှင့် Ph.d. ဘွဲ့ များကို ရရှိထားပါသည်။ ဦးဝေလင်းထွန်းသည် ကြိုးမဲ့ကွန်ယက်နှင့် Computing ဆိုင်ရာ စာတမ်းပေါင်း ၁၀ ကျော်ကို ပြုစုထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် နိုင်ငံတကာဆိုင်ရာ မူပိုင်ခွင့်အချို့ ကိုလည်း ရရှိပိုင်ဆိုင်ထားပါသည်။ Frontiir ကုမ္ပဏီသည် ဦးဝေလင်းထွန်း၏ ဦးဆောင်မှုအောက်တွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို စဥ်ဆက်မပြတ် ဖော်ထုတ်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် မြန်မာနက်အမှတ်တံဆိပ်ဖြင့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သတင်းအချက်အလက်များ မှန်ကန်စွာ စီးဆင်းနိုင်ရန်၊ မြင်ရတွေ့ရသည့် အခြေအနေများကို ဗဟုသုတအဖြစ် ဝေမျှခြင်းများပြုလုပ်နိုင်ရန်နှင့် ၃.၅ မီလီယံကျော် မြန်မာနက်အသုံးပြုသူ ပြည်သူများ ဆက်သွယ်ချိတ်ဆက်နိုင်ရန် မရှိမဖြစ်လိုအပ်သော နေ့စဥ်ဝန်ဆောင်မှုများကို အရည်အသွေးကောင်းမွန်စွာ ပံ့ပိုးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Frontiir ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားဝန်ထမ်း  ၉၉ ရာခိုင်နှုန်းကျော်မှ အလေးထားဆောင်ရွက်လျက် ရှိပါသည်။ 

Frontiir အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

TVie အကြောင်း မေးစရာ

၁။ TVie ဆိုတာ ဘာလဲ
Myanmar Net မှ တီထွင်ထားသည့် TVie မှာ အင်တာနက်ထုတ်လွှင့်ပေးနိုင်ရုံသာမက CANAL+ နှင့် Myanmar Cast ရှိ LIVE ရုပ်သံလိုင်းများ နှင့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများကြည့်နိုင်သည့်အပြင် Microphone တပ်ဆင်ကာ Youtube မှ သီချင်းများစွာကိုလည်း သီဆိုနိုင်သည့် set-top box တစ်မျိုးဖြစ်ပါသည်။

၂။ပင်မစာမျက်နှာတွင် Icons များမပေါ်ခြင်း
TVie မှာ အင်တာနက် ချိတ်ဆက်မူမရှိသေးခြင်းကြောင့် ဖြစ်ပါသည်။ အင်တာနက် ချိတ်ဆက်မူအတွက် အများဆုံး ၃ မိနစ်ထိ ကြာမြင့်နိုင်ပါသည်။ အင်တာနက်ချိတ်ဆက်မူ အခြေအနေအတွက် ရီမုတ်မှ Home ခလုတ်ကို နှိပ်ပါ။

၃။ Youtube သွင်းရန်
Youtube Icon ကိုနှိပ်၍ ဒေါင်းလုဒ်ဆွဲပြီး ကိုယ်တိုင်သွင်းယူနိုင်ပါသည်။

၄။ External Hard Drive အသုံးပြုခြင်း
External Hard Drive ကို အသုံးပြုရန်အတွက် TVie တွင် ပါဝါမဖွင့်မီ တပ်ဆင်ပါ။ ပါဝါဖွင့်ပြီးချိန်တွင် တပ်ဆင်ပါက TVie မှာ Restart ကျသွားပြီးမှ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၅။ USB ပေါက်များ အသုံးပြုခြင်း
TVie တွင် 0.7A အထိ အသုံးပြုနိုင်သော USB ပေါက် ၂ခု ပါဝင်ပါသည်။ ၎င်း 0.7.Aထက် ကျော်လွန်အသုံးပြုပါက USB ပေါက် အသုံးမပြုနိုင်တော့ခြင်း (သို့မဟုတ်) TVie ဆားကစ်ဘုတ်ထိခိုက်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အကယ်၍ USBပေါက် အသုံးမပြုနိုင်မူ ဖြစ်ပေါ်ပါက TVie ကို Restart ချပြီး ပြန်ဖွင့်ပေးရပါမည်။

၆။ HDMI ကြိုးဖြုတ်ပြီးနောက် အသံထွက် ပိုမိုကျယ်လောင်သွားခြင်း
HDMI ကြိုးဖြုတ်လိုက်ပါက အသံထွက်ပိုမို ကျယ်လောင်မှုမှာ ပုံမှန်ဖြစ်ပြီး TVie အသံထွက်စနစ်မှာ HDMI ကြိုးအတွက် မျှဝေခွဲပေးထားခြင်းကြောင့် ဖြစ်သည်။

၇။ TVie မှ အသံထွက်ရာတွင် စီ……ဟု မြည်နေခြင်း
TVie စက်တွင် ပါဝင်သည့် စပီကာနှင့် မိုက်ခရိုဖုန်း ၂ ခုလုံးကို ဖွင့်ထားခြင်းကြောင့် ဖြစ်ပါသည်။ TVie စပီကာကို ဖွင့်ထားချိန်တွင် မိုက်ခရိုဖုန်းအသုံးပြုလိုပါက USB ကြိုးတပ်မိုက်ခရိုဖုန်းကို အသုံးပြုပါရန် လိုအပ်ပါသည်။ (ဤကိစ္စရပ်အတွက် TVie ကို ပိတ်ပြီး ပြန်ဖွင့်ပါရန်။)

၈။ TVie ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ရာတွင် မိုက်ခရိုဖုန်းနှင့် စပီကာများ ပြန်ပွင့်နေခြင်း
TVie ကို ပါဝါပိတ်ပြီး ပြန်ဖွင့်သည့်အခါတွင် မိုက်ခရိုဖုန်းနှင့် စပီကာများမှာ စက်ရုံထုတ်အခြေအနေအတိုင်း ပြန်ပွင့်နေပါမည်။ TVie Setting တွင် ထားလိုသည့်အခြေအနေကို ချိန်ညှိနိုင်ပါသည်။

၉။ USB ကြိုးတပ်မိုက်ခရိုဖုန်းကို အသုံးပြုခြင်း
USB ကြိုးတပ်မိုက်ခရိုဖုန်းကို မတပ်မီတွင် TVie Setting ၌ MC Function ကို ဖွင့်လှစ်ပေးရပါမည်။ စတင်အသုံးပြုမူအတွက် စက္ကန့် ၃၀ ခန့်ကြာမြင့်ပါမည်။

၁၀။ Sleep Mode မှ ထွက်ပြီး နောက် အင်တာနက် မရခြင်း
အသုံးပြုမူမရှိဘဲ ဖွင့်လှစ်ထားချိန်ကြာမြင့်ပါက TVie မှာ Sleep Mode ဖြစ်သွားပါမည်။ ကြာမြင့်ချိန် ၆နာရီထက် ကျော်လွန်ပါက Network Adapter ပိတ်သွားပါမည်။ ဤကိစ္စရပ်အတွက် Setting တွင် Restart (သို့မဟုတ်) TVie ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါရန်။

TVie

TVie အင်တာနက် Set-top Box (မြန်မာနက်မှ အသစ်တီထွင်ထုတ်လုပ်မှု)

မြန်မာနက် TVie (အင်တာနက် Set-top Box) ဖြင့် အင်တာနက်အသုံးပြုနိုင်မည့်အပြင် တီဗီ (သို့မဟုတ်) မော်နီတာတွင် HDMI ကြိုးဖြင့် ချိတ်ဆက်၍ မြန်မာကက်၊ CANAL+ စသည့် ရုပ်သံဖျော်ဖြေမှုအစီအစဉ်များကိုလည်း ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် နဂိုပါဝင်သော Youtube နှင့် Facebook Watch  App များအပြင် အခြားနှစ်သက်ရာ Android အပလီကေးရှင်းများကို Google Play Store တွင် ရှာဖွေသွင်းယူကြည့်ရှုနိုင်ပါသည်။ သီချင်းဆိုဝါသနာပါသူများအနေဖြင့်လည်း မိုက်ခရိုဖုန်းတပ်ပြီး ကာရာအိုကေလည်း သီဆိုနိုင်ပါသည်။

TV – တီဗီရုပ်သံအစီအစဥ်များကို TV နှင့် မော်နီတာများ၊ မိုဘိုင်းဖုန်းများဖြင့် ကြည့်

Internet – အင်တာနက်ကို ဒေတာအကန့်အသတ်မရှိ အဝသုံး

Entertainment – ဖျော်ဖြေရေးအစီအစဉ်များကြည့်၊ ကာရာအိုကေလည်း ဆို

TVie တပ်ဆင်ကြေး

  • အခမဲ့ (ပရိုမိုးရှင်းကာလအတွင်း)

TVie လစဉ်ကြေး

  • ၂၅,၀၀၀ ကျပ်နှင့်အထက် မြန်မာနက်အစီအစဉ်များ –  အခမဲ့
  • ၂၁,၅၀၀ ကျပ်နှင့်အောက် မြန်မာနက်အစီအစဉ်များ –  ၂,၀၀၀ ကျပ် (မြန်နှုန်းအပိုလက်ဆောင် 1 Mbps)

Tvie နှင့် တွဲဖက်ဝယ်ယူနိုင်သည့် ပစ္စည်းများ

  • မိုက်ကရိုဖုန်း – ၈,၀၀၀ ကျပ်
  • မော်နီတာ (၂၁ လက်မ) – လစဉ် ၁၁,၀၀၀ ကျပ်ဖြင့် ၁၈ လ သွင်း (စပေါ်ငွေ ၁၀,၀၀၀ ကျပ်)
  • Speaker – ၁၇,၀၀၀ ကျပ်
  • UPS (၆လ အာမခံ) – လစဉ် ၉,၀၀၀ ကျပ်ဖြင့် ၁၈ လ သွင်း (စပေါ်ငွေ ၁၀,၀၀၀ ကျပ်)

အသုံးပြုပုံ လမ်းညွှန်

မြန်မာကက်

မြန်မာကက်တွင် LIVE TV Channel ပြသမှုများအပြင် နိင်ငံတကာဇာတ်လမ်းတွဲများ၊ အသစ်သီးသန့် မြန်မာဇာတ်လမ်းတွဲများ၊ မြန်မာရုပ်ရှင်ဗီဒီယိုများ၊ MTV သီချင်းများ၊ နိုင်ငံတကာသတင်းများ နဲ့ စိတ်ဝင်စားစရာဖျော်ဖြေမှုအစီအစဉ်ပေါင်းများစွာကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်ပါသည်။

“ကြည့်ရှုခံစား  မြန်မာကက် ရွှေကြယ်ပွင့်အစီအစဥ်များ”

အခမဲ့ကြည့်ရှုနိုင်သည့် LIVE TV အစီအစဥ်များ၊ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းနှင့် သတင်းစသည့် ရုပ်သံဖျော်ဖြေမှုအစီအစဥ်များအပြင် သတ်မှတ်ရွေးချယ်ထားသော ရုပ်ရှင်၊ ဗီဒီယိုများနှင့် ဇာတ်လမ်းတွဲကောင်းများစွာကို ကြည့်ရှုနိုင်မည့် မြန်မာကက်ရဲ့ အစီအစဥ်သစ်  Star Pack များ ဝယ်ယူနိုင်ပါပြီ။

⭐ မြန်မာကက် 1 Star အစီအစဥ်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးများမှ တရားဝင်ပြသခွင့် ရရှိထားပြီး မြန်မာဇာတ်ကား အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး မြန်မာ့ရုပ်ရှင်ဘဏ်တိုက် “မဟာ” ကနေ အရည်အသွေးမြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

  • ၁ ရက် – ၃၉၉ ကျပ်
  • ၅ ရက် – ၁,၃၉၉ ကျပ်
  • ၃၀ ရက် – ၃,၉၉၉ ကျပ်

(၂၆,၀၀၀ ကျပ်နှင့်အထက် အစီအစဥ် အသုံးပြုသူများအတွက် အခမဲ့)

⭐⭐ မြန်မာကက် 2 Star အစီအစဥ်

မြန်မာကက်မှ သတ်မှတ်ရွေးချယ်ထားသော အထူးကောင်းမွန်သည့် ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွဲများနှင့် သီချင်း၊ သတင်းစသည့် ရုပ်သံဖျော်ဖြေမှုအစီအစဥ်များတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

  • ၁ ရက် ၁၀၀ ကျပ် 
  • ၅ ရက် ၃၀၀ ကျပ်
  • ၃၀ ရက် ၁,၀၀၀ ကျပ်

မြန်မာနက်အသုံးပြုသူများအနေဖြင့် TVie ကို မှာယူတပ်ဆင်ပြီး မြန်မာကက် Star Pack အစီအစဥ်များကို မိုဘိုင်းဖုန်းတွင်သာမက TV တွင်ပါ ကြည့်ရှုနိုင်ပါသည်။

ပိုမိုသိရှိရန် →

လုပ်ငန်းသုံးအင်တာနက် (ရန်ကုန်)

ရန်ကုန်မြို့အတွက် ဖိုင်ဘာနှင့် ကြိုးမဲ့ နှစ်လိုင်းလုံးတစ်ပြိုင်နက်သုံးနိုင်သည့် စိတ်အချရဆုံး ဝန်ဆောင်မှု

  • မှာယူသူတစ်ဦးချင်းစီအတွက် သီးသန့်တာဝန်ခံရှိခြင်း
  • ၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း
  • သီးသန့်လိုင်းများဖြစ်သောကြောင့် လိုင်းပျက်တောက်မှုနည်းပါးပြီး တစ်လိုင်းပျက်လျှင်နောက်တစ်လိုင်းဖြင့် 40 Mbps ထိ ဆက်လက် အသုံးပြုနိုင်ခြင်း

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

ကြိုးမဲ့ သီးသန့်လိုင်း

  • ၁ လိုင်း တပ်ဆင်ကြေး – ၃၉,၀၀၀ ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

ဖိုင်ဘာ သီးသန့်လိုင်း

  • ၁ လိုင်း တပ်ဆင်ကြေး – ၁၈,၀၀၀ ကျပ်
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

မြန်နှုန်းပေါ်မူတည်၍ ၁,၀၁၀,၀၀၀ ကျပ်အထိ အခြားလုပ်ငန်းသုံးအင်တာနက် အစီအစဥ်များလည်း ရှိပါသည်။

လုပ်ငန်းသုံးအင်တာနက်ဖြင့် TVie မှ အစီအစဥ်များကို TV နှင့် ဖုန်းတွင် အဝကြည့်နိုင်ပါသည်။

မြန်မာနက် PLUS

ကောင်းထက်ကောင်းဝန်ဆောင်မှု

ကောင်းထက်ကောင်းဝန်ဆောင်မှုများ ပါဝင်သည့် မြန်မာနက် PLUS အစီအစဥ်များကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ၊ မော်လမြိုင်၊ တောင်ကြီးနှင့် မကွေးမြို့များတွင် မှာယူအသုံးပြုနိုင်ပါသည်။

 TVie မှ အစီအစဥ်များကို အဝကြည့်နိုင်ခြင်း (၂၅,၀၀၀ ကျပ်နှင့်အထက် အစီအစဥ်များ)
အိမ်အရောက် လျင်မြန်စွာဝန်ဆောင်မှုပေးခြင်း
၄၈ နာရီအတွင်း အခက်အခဲ ဖြေရှင်းပေးခြင်း
  • လစဥ်သုံး အစီအစဥ်များအားလုံး မြန်မာကက် အခမဲ့ကြည့်
  • မဟာမှ ဇာတ်ကားပေါင်း ၂၀၀၀ ကျော် ပါဝင်သော မြန်မာကက် 1 Star Pack အခမဲ့ ကြည့် (၂၈,၀၀၀ ကျပ်နှင့်အထက် အစီအစဥ်များ)
  • တပ်ဆင်ကြေး – ၁၈,၀၀၀ ကျပ် (တစ်လလျှင် ၃,၀၀၀ ကျပ်ဖြင့် ၆လ အရစ်ကျ)
  • စပေါ်ငွေ – ၁၀,၀၀၀ ကျပ်

ငွေကြိုသွင်းရန်မလိုသော ၆ လ စာချုပ် https://goo.gl/6GNbiu ချုပ်ဆိုရမည်ဖြစ်ပါသည်။

TVie တပ်ဆင်ကြေး

  • အခမဲ့ (ပရိုမိုးရှင်းကာလအတွင်း)

TVie လစဉ်ကြေး

  • ၂၅,၀၀၀ ကျပ်နှင့်အထက် မြန်မာနက်အစီအစဉ်များ –  အခမဲ့
  • ၂၁,၅၀၀ ကျပ်နှင့်အောက် မြန်မာနက်အစီအစဉ်များ –  ၂,၀၀၀ ကျပ် (မြန်နှုန်းအပိုလက်ဆောင် 1 Mbps)