By Existing laws and regulations, a customer is prohibited from committing the following offenses while using MN service.
- Committing or encouraging the criminal offenses.
- Using Myanmar Net network for illegal intentions.
- Performing any activities which do not comply with applicable laws and regulations.
- Acting against AUP policies by self or through the third party.
- Creating or distributing harmful materials such as spam, virus with ill-will.
- Sending email or any electronic messages with the intention of affecting the performance or functionality of any network or computer facilities.
- Violating or disturbing the rights of other people.
- Being offensive, abusive, defamatory, and obscene, menacing to other people or impersonating as another person.
- Hacking or attempting to hack the security of other people’s equipment, hardware or software.
- Receiving or distributing the copyrighted music, films without permission.
- Circulating or distributing the fake news, incorrect data and misleading information with bad intentions.
- Using applications or software which consume more than necessary bandwidth and risk degradation of service levels to other customers.
- Reselling MN services without permission.
- Any actions which put MN system at risk.
- Hacking or attempting to hack into Myanmar Net Control Center (or) Network Operating Center (or) Service Network.
- Directly or indirectly infringe, damage or endanger any intellectual property rights of MN or any third party.
- Any action which can damage the Myanmar Net reputation.
မြန်မာနက်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာရမည့်မူဝါဒများ (AUP)
တရားဥပဒေဆိုင်ရာ မူဝါဒများအရ အင်တာနက်နှင့် အခြားမြန်မာနက်ဝန်ဆောင်မှုများကို အသုံးချ၍ အောက်ပါအချက်များကို ပြုလုပ်ခွင့်မရှိပါ။
- ကွန်ရက်ကို သုံး၍ ရာဇဝတ်မှုများ ကျူးလွန်ခြင်း (သို့) အားပေးအားမြှောက်ပြုလုပ်ခြင်း။
- ကွန်ရက်ကို ဥပဒေနှင့် မညီသော လုပ်ဆောင်ချက် (သို့) ဥပဒေချိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း။
- မြန်မာနိုင်ငံတွင်းရှိ လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းစည်းကမ်း၊ တရားဥပဒေများကို လိုက်နာမှုမရှိသည့် ပြုလုပ်ဆောင်ရွက်မှုမျိုး လုပ်ဆောင်ခြင်း။
- ကိုယ်တိုင်ဖြစ်စေ ကိုယ်တိုင်မဟုတ်ဘဲ အခြားသော လူ၊ အဖွဲ့အစည်းအား AUP မူဝါဒများနှင့် ဆန့်ကျင်ဆောင်ရွက်ခြင်း။
- spam ၊ ဗိုင်းရပ်စ် သင့်လျော်မှုမရှိသည့် အရာများအား ရည်ရွယ်ချက်ဖြင့် ရှာဖွေရယူခြင်း၊ ဖြန့်ဖြူးခြင်း။
- ကွန်ပျူတာ လုပ်ငန်းဆောင်ရွက်မှု၊ စွမ်းရည်များကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် အီးမေးလ် (သို့) အခြားသော အီလက်ထရွန်းနစ် မက်ဆေ့ချ်ပို့မှုများပြုလုပ်ခြင်း။
- အခြားသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်း၊ အနှောက်အယှက်ဖြစ်စေခြင်း။
- အခြားသူများအား ရိုင်းပျစွာဆက်ဆံခြင်း ၊ စိတ်အနှောက်အယှက်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေရန် အသရေဖျက်ခြင်း၊ ညစ်ညမ်းသည့် အပြုအမူ၊ ခြိမ်းခြောက်ပြောဆိုမှုများကို တမင်တကာရည်ရွယ်ပြုလုပ်ခြင်း။ အခြားတစ်ပါးသူပုံစံ ဟန်ဆောင်ပြုမူခြင်း၊ ဒုက္ခပေးခြင်း။
- အခြားသူများ ပိုင်ဆိုင်သည့် စက်ပစ္စည်း ကိရိယာ၊ ဆော့ဖ်ဝဲစသည်တို့၏ လုံခြုံရေးကို ဖောက်ထွင်းခြင်း၊ ကြိုးပမ်းခြင်း။ Hacking ပြုလုပ်ခြင်း။
- သီချင်း၊ ရုပ်ရှင်များစသည့် သတင်းအချက်အလက်များကို မူပိုင်ရှင်ထံမှ ခွင့်ပြုချက်မရှိဘဲ ရှာဖွေရယူခြင်း၊ ဖြန့်ဖြူးခြင်း။
- မှန်ကန်မှုမရှိသော သတင်းအချက်အလက်ထုတ်လွှင့်ဖြန့်ဖြူးခြင်း (သို့) မှန်ကန်သည့် သတင်းအချက်အလက်များကို ဖျက်ဆီးပျက်ပြားစေခြင်း။
- လိုအပ်သော Bandwidth ထက် ပိုမိုများပြား အချိန်ကြာမြင့်စွာဖြင့် အသုံးပြုသည့် အပလီကေးရှင်း၊ ပရိုဂရမ်မျိုး သုံးခြင်း (ဥပမာ – Bit Torrent) ၊ အခြားသော အသုံးပြုသူများအတွက် ဝန်ဆောင်မှု ပေးအပ်ရာတွင် ထိခိုက်နစ်နာစေမှုမျိုး ဖြစ်ပေါ်စေခြင်း။
- မြန်မာနက်၏ ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ တစ်ဆင့်ပြန်လည်ရောင်းချခြင်း။
- မြန်မာနက်အသုံးပြုသူများရရှိသည့် ဝန်ဆောင်မှုအရည်အသွေးကို နိမ့်ကျစေရန် လုပ်ဆောင်ခြင်း။
- မြန်မာနက်ကွန်ရက်ထိန်းချုပ်မှုဌာန (သို့) လုပ်ငန်းလည်ပတ်မှုစင်တာအတွင်း (သို့) ဝန်ဆောင်မှုကွန်ရက်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ခွင့်ပြုချက်မရှိဘဲ ချိုးဖောက် ဝင်ရောက်ခြင်း။ Hacking ပြုလုပ်ခြင်း။
- မြန်မာနက် (သို့) အခြားအဖွဲ့များ၏ မူပိုင်ခွင့်ဆိုင်ရာများကို ကျူးလွန်ဖောက်ဖျက်၊ ထိခိုက်နစ်နာစေခြင်းများအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်ခြင်း။
- မြန်မာနက် ဝန်ဆောင်မှုအား တမင်တကာ ထိခိုက်နစ်နာစေခြင်း။

